27

28.5K 2.4K 573
                                    

အဆုံးသတ်အနမ်းဟာ မှဲ့စက်ရှိရာအ​ပေါ်နှုတ်ခမ်းထက်မှာ ဖိကပ်ခိုနား​နေ၏။ အနမ်းဟာ ပူရှိန်းရနံ့​ကြောင့်လား ယမ်မူးရီ​ဝေနက်ရှိုင်းမှု​ကြောင့်လားမသိဘဲ​ နွေး​ထွေး​လွန်းလှသည်။ မိုး​သောက် နှလုံးသားဟာ ​​​ပေ​ထောင်ချီမြင့်သည့်​တောင်ထိပ်မှ အမှီအတွယ်မပါဘဲ ပြုတ်ကျလာသလို တလှပ်လှပ်။

မျက်ဝန်း​တွေထဲအထိ စူးစိုက်ကြည့်လာသည့်အကြည့်ဟာ မိုး​သောက်သက်ဆင်းရမည့်သတ်မှတ်နယ်နိမိတ်တစ်ခုလို။ ဒါ​ပေမယ့် မိုး​သောက်မှာ အ​ရေး​ပေါ်အသက်ကယ်​လေထီးမပါ။ ​​ခြေလွတ်လက်လွတ်ခုန်ဆင်းမိခြင်းအတွက် ​မြေပြင်​ပေါ်​ရောက်မှ ဘယ်​လောက်ထိ အကျနာမည်လဲ မိုး​သောက်မသိ။ သည်စွန့်စားမှုမှာ မိုး​သောက်တစ်ဘဝလုံးရဲ့​သေ​ရေးရှင်​ရေးကိုပင် ကြိုတင်တွက်ချက်မထားနိုင်ခဲ့။ ရင်ခုန်သံ​တွေတွန်းတိုက်သည့်အတိုင်း ကိုယ့်အသက်တည်​နေရာရုပ်ခန္ဓာကိုပင် ထိန်းချုပ်ပဲ့ကိုင်နိုင်စွမ်းမရှိ​တော့သည့် နှလုံးသားတစ်ခုလုံးနှင့် အလဲအထပ်ပြုခဲ့ခြင်းဖြစ်သည်။

ပါးပြင်နှစ်ဖက်ကိုအုပ်ကိုင်လာသည့် လက်​ချောင်း​အေး​အေးတို့အား မိုး​သောက်လက်ဖဝါးတို့နှင့်ထပ်ကိုင်လိုက်မိ၏။ သူဟာ မိုး​သောက်မျက်ဝန်း​တွေထဲထိ တစိမ့်စိမ့်ကြည့်သည်။ စက္ကန့်ရဲ့တစ်စိတ်တစ်ပိုင်းတို့ကိုမှ လွတ်မသွားချင်ပုံဖြစ်၏။

​ညှို့ယူဖမ်းစားထားနိုင်သည့်မျက်နှာ​ချော​ချောမှာ မျ​က်​တောင်တို့ဟာ ငိုက်စင်းစင်း။ သူ့မျက်နှာ​နောက်တစ်ကြိမ်ငုံ့ကျလာခိုက် မိုး​သောက်ဟာ သူ့ထံပါး​ပျော်ဝင်စီးဆင်းသွားရသည့် ဓါတုပစ္စည်းတစ်ခုလို အခုအခံကင်းမဲ့ရပြန်၏။ နှုတ်ခမ်း​တွေဟာ ပါးပြင်တ​လျှောက် မွတ်မွတ်သိပ်သိပ်ပွတ်ဆွဲသွားပြီး မိုး​သောက်နားရွက်ဖျားတို့အ​ရောက်မှာ တတိတိနှင့်တွန်းတိုက်​နေ၏။

နားရွက်က မိုး​သောက်ရဲ့အားနည်းချက်။ အသည်းယားစွာတွန့်ကနဲဖြစ်သွားတာကို သူသိပုံရပြီး ရယ်သံအုပ်အုပ်ထွက်လာ၏။ မိုး​သောက်လည်း ပြုံးချင်သွားတာ ဘာလို့မှန်းမသိ။ နားရွက်ဖျား​ပေါ် ​​ရောက်လာတဲ့ကိုက်ချက်ဖွဖွ​တွေကို မရုန်းမိဘဲ သူ့ခါးကိုသာ ပိုလို့တိုးဖက်လိုက်မိ၏။

Falling In Love With The Red Flag GuyTahanan ng mga kuwento. Tumuklas ngayon