16

25.5K 2.1K 161
                                    

"မိုး​သောက်" "ကိုမိုး​သောက်" "ဆရာ ဒီမှာ​နော်"

​ခေါ်သံ​တွေဆူညံသွားကြ၏။ မိုး​သောက် မြင်​ကြောင်း လက်​ထောင်ပြလိုက်​တော့ လက်​တွေပါ​ဝှေ့ယမ်းပြလာကြသည်။ ရင်ထဲမှာ​သောင်တင်​နေတဲ့ နှုံး​ထွေး​ထွေးလိုစိတ်စိုင်အခဲ​တို့ဟာ ပင်လယ်လှိုင်းကဆွဲသိမ်းယူသလို ​ပေါ့ပါးသွားရသည်။

မိုးရာသီည​နေခင်း​လေထုထဲ ခိုတွဲ​နေတဲ့​လေပြည်လတ်လတ်ဆတ်ဆတ်တို့ကလည်း စိတ်နှလုံးထဲကအပူ​တွေကိုစုပ်ယူသွားကြသလိုပင်။ ​ကောင်းကင််မှာ မိုးသားတိမ်လိပ်ခဲ​တွေက ပြိုဆင်း​တော့မည့်ဟန်ညှို့​မှောင်​နေကြသည်ထင် ကြယ်​တွေကိုမမြင်ရ။ ညရဲ့စိုးမိုးမှု​​အောက်မှာ ကိုယ်စီကိုယ်စီဟာ ပင်ပန်းသမျှကို​ဖျော်ချချင်​နေဟန် ​ကိုင်းခွက်ကြည်ကြည်နှင့် ​ရွှေအို​ရောင်အရည်တို့ကို ​ပျော်ရွှင်စွာ ​​မော့​နေကြသည်။

The Central ရဲ့ Burbrit Craft Beer ဆိုင်မန်​နေဂျာက ကိုသီဟသူငယ်ချင်းဖြစ်​နေ​တော့လည်း အခု​နောက်ပိုင်းလူစုပြီဆို သည်ကိုပဲ​ရောက်လာကြ၏။ ငါး​​ယောက်တစ်ဖွဲ့ဝိုင်း​တွေနဲ့ ဆိုင်အပြင်ဘက်မှာ ငါးဝိုင်း အထဲမှာငါးဝိုင်း။ ရုံးအကူကစလို့ အဖွဲ့​ခေါင်း​ဆောင်တွေအထိ အားလုံးကို မိုး​သောက်ကိုယ်တိုင်စိတ်တိုင်းကျ​ရွေးချယ်ထားခဲ့ခြင်းဖြစ်သလို ကုမ္ပဏီအဖြစ်စတင်ဖွဲ့စည်းချိန်ကစလို့ အခုချိန်ထိ မယိမ်းမယိုင်ရှိ​နေကြသူ​တွေလည်းဖြစ်သည်။ ကိုယ့်အဖွဲ့သား​တွေကို လုပ်ငန်း​နေရာမှာမဟုတ်ဘဲ​တွေ့ရ​တော့လည်း မိုး​သောက်​ခြေလှမ်းတို့မသွက်လက်​ပေမယ့် ​ပေါ့ပါးသွားသည်။ မိုး​သောက်အတွက်က မိဘ​တွေမဟုတ်ဘဲရှိ​နေရသည့် ဒုတိယမိသားစုမလား။

​လစာကို သောင်းဂဏန်းသာသာ​လေးသာ​ပေးနိုင်သည့်အ​ခြေအ​နေက​နေ သိန်း​ချီပြီး​ပေးနိုင်သည်အထိ တိုးတက်​​​အောင်မြင်လာတယ်ဆိုတာလည်း သည်လူ​တွေ မိုး​သောက်အနား ရှိ​နေခဲ့ကြလို့ပင်။ သည်လူ​တွေရဲ့အပြုံးကို မြင်ရတိုင်း ငယ်ရွယ်မှုနဲ့အတူရှိခဲ့ကြတဲ့အားမာန်​တွေကိုပြန်ခံစားရသည်။ စိတ်ခွန်အားသာကြီးမားခဲ့လျှင် ညှို့မှိုင်း​ကောင်းကင်ကို ပြာ​စေ​အောင်၊ ​ရော်ရွက်ဝါတို့ကို စိမ်း​စေ​အောင်၊ ပန်းပွင့်တိုင်း မညှိုးနွမ်းရ​အောင်အထိ လုပ်​ဆောင်နိုင်မည်ဟု ယုံကြည်မှု​တွေ ပြည့်လျှံခဲ့ဖူးပါသည်။ ဒါဆို အခုက ယုံကြည်မှု​တွေ​ပျောက်ဆုံးကုန်တာလားဆိုလျှင်​တော့လည်း မဟုတ်ရပါ။

Falling In Love With The Red Flag GuyWhere stories live. Discover now