31

27.5K 2.2K 583
                                    

သူက မိုး​သောက်တစ်ကိုယ်လုံးကို ​ခြေဆုံး​ခေါင်းဆုံးကြည့်ပြီး မျက်နှာက အလိုမကျဟန် ​ပြောင်းလဲသွား၏။ မိုး​သောက်ကိုပုခုံးနှစ်ဖက်ကကိုင်ပြီး ကိုယ်တစ်ပတ်ဆွဲလှည့်​တော့ အသံထွက်သည်အထိ ရယ်ပစ်မိသည်။

"ဘာဖြစ်လို့လဲဗျာ"

"ပန်းချီပြပွဲသွားတာ ဟုတ်ရဲ့လား။ ဒါမျိုး ရှိုးထုတ်တာ တစ်ခါမှမမြင်ဖူးပါဘူး"

ဂျင်း​ဘောင်းဘီအနက်ကို တီရှပ်အဖြူတစ်ထပ်ခံကာ အ​ပေါ်ထပ်ဖြင့်တွဲဝတ်ထားသည့် မိုး​သောက်ကို သူ့အမြင်မှာ စိမ်း​နေပုံရသည်။ ပြီး​တော့ ဒီ​နေ့မှ လူငယ်ဆန်ချင်​နေတာနဲ့ အချိန်အ​တော်ကြာ မဝတ်ဖြစ်ခဲ့သည့် ear pins ​လေး​တွေကို နားနှစ်ဖက်လုံး ထိုးစိုက်ဖြစ်ခဲ့ကာ။ သူ ကိုက်​နေကျအကျင့်ဖြစ်​နေသည့် ဘယ်ဘက်ခြမ်းမှာဆို နားရွက်ထိပ်စွန်းထိ နား​ပေါက်သုံးခုလုံးအပြည့် ဝတ်ထားမိတာကို သူက စူးစူးစိုက်စိုက်ကြည့်​နေလျက်။

"အရင်က အပြင်သွားရင် အလုပ်ကိစ္စ​တွေချည်းပဲမလို့ပါဗျာ"

မိုး​သောက်အ​ဖြေကို သူက သိပ်ပြီး သဘောကျသွားပုံမရ။ ဘာမှ ထပ်မ​ပြော​တော့ဘဲ ပါကင်​ပေပါဖြုတ်​နေသည့် မိုး​သောက် လက်ထဲကပန်းချီကားဆီ သူ့အကြည့်​ရောက်သွားပြန်သည်။

"Hearty color ရယ်၊ ကမာရယ်၊ ပုလဲလုံး​တွေရယ်ဆို​တော့ one sided love ကို ညွှန်းချင်တာထင်တယ်"

ဒီတစ်ခါ သူ့ရဲ့အနုပညာအမြင်စူးရှမှုကို အံ့ဩသွားရသူက မိုး​​သောက်ပင်။ သူ့ရဲ့ပန်းချီပညာပါရမီရှိမှုကို ကိုဦး​ဆောင်ဆီက တစ်စွန်းတစ်စကြားဖူးခဲ့​ပေမယ့် ဒီလိုကွက်တိနီးပါးသုံးသပ်နိုင်လိမ့်မယ်လို့ မထင်ထား။

"ဘယ်သူ ​ပေးလိုက်တာလဲ"

"ကျွန်​တော် ဝယ်လာတာပါ"

"ဒါ ချာတိတ်အကြိုက်မှ မဟုတ်တာ"

"ပိုလာဘာလီကရေ​နေသတ္တဝါ​တွေနဲ့ အနီးစပ်ဆုံးတူတဲ့အ​ရောင်​တွေသုံးထားတယ်​ပြောလို့ စိတ်ဝင်စားတာနဲ့ ဝယ်လာဖြစ်တာ"

အစက​တော့ သူ့အတွက် ရည်စူးခဲ့တာဖြစ်​ပေမယ့် ပန်းချီရဲ့နှလုံးသားဇာစ်မြစ်ကို သိ​နေသူထံ မိုး​သောက် မ​ပေးနိုင်​တော့ပါ။ နှလုံးသားဟာ ဘယ်​လောက်ပဲ တစ်ဖက်သတ်ဘဝနဲ့ရှိ​နေရပါ​စေ​တော့။ ဘယ်​လောက်ပဲ ​​ပေးအပ်လိုတဲ့မေတ္တာဖြစ်ပါ​စေ တစ်ဖက်လူ​တောင့်တမက်​မောသည့်အရာမဟုတ်လျှင် စွန့်ပစ်ခံရမည့် သိမ်ငယ်စိတ်​တွေနဲ့မရှင်သန်​စေလိုပါ။ တစ်ကိုယ်တည်း နာကျင်​နေရတာ ဘာအ​ရေးလဲ။

Falling In Love With The Red Flag GuyTempat cerita menjadi hidup. Temukan sekarang