"ကိုကို အရမ်းလွမ်းလို့" ဟူသည့် စကားအား ချာတိတ်နှင့် မျက်နှာချင်းဆိုင်ရင်း ပြောမိရသည်။ နှစ်ပတ်အတွင်းဝေးကွာနေရသည့်မျက်နှာလေးကို အားမနာတမ်းပင် ငုံ့မိုးကြည့်ပစ်မိ၏။ မျက်နှာလေးချောင်ကျနေတာ သိသိသာသာ။
Theatre လှေကားထစ်များကဆင်းလိုက်ပြီး အတူယှဉ်တွဲလျှောက်မိသည့်အခိုက် ချာတိတ်က ဦးစီးကို မနှင်ပါ။ Theatre အဆောက်အအုံမှ လျှောက်လမ်းတစ်လျှောက် အတန်းဆင်းသည့်ကျောင်းသားကျောင်းသူအများအပြားရှိနေကြသည်။ ယနေ့သော် ချာတိတ်က သူ့အဖွဲ့ထဲမှ သိသိသာသာခွဲထွက်လာတာကို ဦးစီး သတိထားမိသည်။
မြက်ခင်းပြင်၌ နှင်းပွင့်ဖြူတို့ပွင့်လန်းနေကြသည်။ ရာသီဥတုအေးလွန်းလှကာ ဆောင်းပျော်ငှက်တို့သာ သစ်သားထိုင်ခုံတန်းများ၌ ခိုနားနေကြသည်ကို တွေ့ရ၏။
"မေမေက ကုမ္ပဏီကနေ အနားယူလိုက်ရပြီ။ လောလောဆယ်တော့ မမပဲ အနီးကပ်ကြည့်ပေးနေတာ။ ကိုကို့အတွင်းရေးမှူးက daily report တွေတော့ ကိုကို့ဆီပို့ပါတယ်"
ချာတိတ်ဆီက တုန့်ပြန်သံမရှိပါ။ ဆီးနှင်းခဲတွေဖေးတင်နေသည့်သစ်ပင်ကိုင်းများကို မော့ကြည့်သူရဲ့နားရွက်ဖျားလေးများ နီရဲနေတာကို ဦးစီးသတိပြုမိသည်။ အသင့်ယူလာခဲ့သည့် ခရင်မ်ရောင်မာဖလာအား ချာတိတ်လည်တိုင်ထက် ရစ်နှောင်ပေးမိသည်။ နည်းနည်းလေးမှ ငဲ့မကြည့်လာသည့် မျက်ဝန်းများ။
ချာတိတ်နှလုံးသားက ပဲရစ်၏ဆောင်းဥတုလိုများ အေးစက်သွားခဲ့ပြီလား။ ချာတိတ်က ဦးစီးကို နည်းနည်းမှ အလိုမရှိတော့ပြီလား။ တကယ်ပဲ မြွေဆိပ်မိသည့်ကျောက်ကပ်တစ်ခြမ်းလို သူ့ဘဝအစိတ်အပိုင်းထဲကများ ဦးစီးကိုထုတ်ပစ်လိုက်သလား။ ရန်ကုန်ကိုမပြန်ခင် နားခိုမိခဲ့သည့်အနမ်းတစ်ပွင့်ဟာ ဦးစီးနှုတ်ခမ်းထက်၌ နွေးထွေးနေဆဲပင်။ ချစ်သူ၏ လျစ်လျူရှုခြင်းဟာ နှလုံးသားထဲ တစိမ့်စိမ့်စီးဆင်းလာသည့် အအေးဓါတ်လို။ လက်အိတ်ဝတ်ထားသည့် ဦးစီးလက်ဖျားတို့ ထုံခဲလာကြသည်။ ခြေလှမ်းဆယ်လှမ်းလှမ်းလျှင်တစ်ကြိမ် ထိစပ်မိသည့်ပခုံးထက်မှ အနွေးဓါတ်ဖျော့ဖျော့လေးကို ခံစားရသည်။
ESTÁS LEYENDO
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA