FINAL

23.1K 3K 541
                                    

မိုး​​သောက် နိုးသွားပြီဖြစ်​ပေမယ့် ​ခေါင်းထဲမကြည်လင်​သေး။ ​မျက်လုံးမဖွင့်​သေးဘဲ ​​နွေး​ထွေးသည့်​စောင်ထဲ ထပ်ဝင်​ကွေးလိုက်​တော့ ရယ်သံတိုးတိုးကြားရသည်။ အသံမှာ ကြည်လင်လှ၏။ မျက်နှာသစ်ဆပ်ပြာနံ့သင်းသင်းနှင့် သွားတိုက်​ဆေး၏ လန်းဆန်းသည့်ရနံ့လည်းရသည်။ ရယ်​နေသည့်အသံရပ်သွား​သော်လည်း မိုး​သောက်တစ်ကိုယ်လုံး ​ပွေ့ယူချီမခြင်း ခံလိုက်ရတာ​ကြောင့် မျက်လုံးမဖွင့်ဘဲ​နေလို့မရ​တော့ပါ။

"အိပ်ချင်​သေးတယ်ဗျ"

"အိပ်​လေ။ ကိုကိုချီထားမယ်"

သူက ကုတင်ကိုမှီထားလျက်နှင့် လူကို သူ့​ရင်ခွင်​ပေါ်ချီတင်ထားကာ ပြုံးပြုံးကြီးစိုက်ကြည့်​နေ၏။

"အဲ့လိုကြည့်​နေ​တော့ ဘယ်လိုအိပ်​ပျော်​တော့မလဲ"

"ဒါဆို အခုမျက်လုံးမှိတ်ထား​ပေးမယ်။ ချာတိတ်အိပ်​ပျော်သွားမှ ပြန်ဖွင့်ကြည့်မယ်​လေ"

မိုး​သောက်အသံထွက်သည်အထိ ရယ်မိရ၏။ သူ့လည်တိုင်၌ မျက်နှာအပ်လိုက်ကာ စည်းချက်ကျကျအခုန်မြည်​နေသည့် ရင်ခုန်သံအား နားစွင့်ဖြစ်သည်။ သည်ရင်ခုန်သံကြိုးစအား မိုး​သောက် လှမ်းဆွဲထားနိုင်ခဲ့လို့ ​တော်ပါ​သေးသည်။ သည်ကြိုးစ​လေးလွင့်ထွက်မသွားဖို့ အချိန်မီ တားဆီးနိုင်ခဲ့လို့ ​တော်​ပါသေးသည်။

သူက မိုး​​​သောက်ရဲ့ အ​တွေးစများအား သိသူလို မိုး​သောက်အား တင်းတင်းကျပ်ကျပ်ဖက်တွယ်လာကာ...

"I'm here with you babe... and I love you. Love you so much"

မိုး​သောက်ဆံပင်များထက် အနမ်းများကြဲချလာ​လေသူ။ မိုးဖွဲ​ဖွဲဖြန်းပက်ထားသည့် နံနက်ခင်းသည် စိုစွတ်လန်းဆန်းလျက်ရှိ​လေ​၏။ ရာသီဥတုမှာ ချမ်းစိမ့်စိမ့်။ ​ဆောင်းဦးသည် ​​မြေကမ္ဘာထက် နောက်တစ်ဖန် သက်ဆင်းလာ​လေ​တော့မည်။ မိုး​သောက် သူ့ထံ​ပြောင်း​ရွှေ့​နေထိုင်ခဲ့သည်မှာ ရက်သတ္တပတ်မနည်း​တော့​ကြောင်း သိသာ​စေ၏။

သူ့အနမ်းများ မိုး​သောက်ပါးပြင်ထက် ပြန်လည် ရှင်သန်နိုးထခြင်းမှာ ​အေးချမ်းလှ​ပေသည်။ မိုး​သောက် သူ့ရင်ခွင်ထဲတိုးကပ်ကာ ခိုဝင်နားမိ၏။ မျက်စိတစ်မှိတ်စာ စက္ကန့်ဝက်၌ ပုံရိပ်များစွာ ​​ပြေးလွှားဖြတ်သန်းသွားကြသည်။

Falling In Love With The Red Flag GuyDonde viven las historias. Descúbrelo ahora