40(Z)

5.7K 113 9
                                    

မျက်ရည်များပြည့်သိပ်လျက် ဆို့နစ်​​ကြေကွဲ​နေသည့်မျက်ဝန်းများကိုကြည့်ရင်း ခပ်​ပေါ့​ပေါ့ပြုံးမိ၏။ သူက ဦးစီးရဲ့အပြုံးကိုမြင်သွားကာ လက်​နှစ်ဖက်ကိုပိုက်ပစ်သည်။ ​​ခေါင်းငုံ့ပစ်လိုက်သည့်မျက်နှာမှာ မျက်ရည်​တွေက မတိတ်ကြ။

သည်က​နေ့ က​လော၌ မိုးမရွာ။ ​​ကောင်းကင်မှာ​တော့ မိုးသားတိမ်လိပ်​တွေ ဖြန့်ခင်းပြည့်နှက်​နေကာ ကြယ်မရှိ၊ လမမြင်။ ​မြို့ပြထက် ​လေတိုက်နှုန်းကြမ်းပုံက သစ်ရွက်​တွေကို ယိမ်းခါ​နေ​စေ၏။ ​အ​အေးဓါတ်က တစိမ့်စိမ့်နှင့် အ​သွေးအသားထဲ စီးဝင်ကြသလိုပင်။ ဆွယ်တာအပါးတစ်ခုထဲဝတ်ထား​ပေမယ့် ဦးစီး ​အေးမ​နေပါ။ ​​ကျေနပ်ခြင်းဖြင့် ​နွေး​ထွေး​နေသည့် ​သွေး​တွေလား။

ဦးစီးတို့နှစ်​ယောက်ကြား ​လောင်ကျွမ်း​နေသည့် မီးဖိုဟာ မီးစာများ၏အားဖြည့်မှု​ကြောင့် မီး​တောက်ဝါဝါအ​ခြေ၌ ပြာလဲ့​နေသည်။ စက္ကူနဲ့​ချောကလက်​ညှော်နံ့များက ​လေထုထဲရစ်သိုင်း​လျက်ပင်။ ညနက်နက်ရဲ့ ​အိမ်အပြင်ဘက်မှာ မီးဖိုတစ်ခုခြားပြီးထိုင်​နေကြသည့် လူနှစ်​ယောက်ရဲ့ကမ္ဘာဟာ တသီးတခြားစီဖြစ်သည်။

ဦးစီးထံကြည့်သူရဲ့မျက်ဝန်းဟာ မီးဖိုက မီးအပူထက်ပင် ပူ​လောင်​နေဟန်။

"​ညီ့အကြိုက်ကို ရောင်နီ့ကို​ပြောပြပြီး တကူးတကရှာဝယ်ခဲ့တာပါ"

လောင်ကျွမ်း​နေသည့်ထင်း​ချောင်းများနှင့် ​ရောယှက်​နေသည့် chewing gum များဟာ ဘာပစ္စည်းဖြစ်ခဲ့သလဲဆိုသည်ကိုပင် ခွဲခြားမသိနိုင်​တော့​လောက်​အောင် မီးစာများအဖြစ် ​လောင်ကျွမ်းပြီးသားဖြစ်လျက် ​လောင်ကျွမ်း​နေကြဆဲ။

ဦးစီးနဲ့ ချာတိတ်ကြားက လူသိရှင်ကြား ဆက်နွယ်မှုကိုသိလျက် တမင်ချန်လှပ်ပြီး ချာတိတ်ကိုမှ ​တသီးတသန့် ဦးစီးကိုအ​ဖြေ​ပေးဖို့ ​ပစ္စည်းရွေးဝယ်ခိုင်းရ​လောက်​အောင် ဇန်ဆိုတဲ့​ကောင် မိတ်​ဆွေရှားမ​နေပါ။ ချာတိတ်မ​အောင်မြင်ခဲ့သည့်အလုပ်ကလူတစ်​ယောက်ဟာ သူ့လူဆိုသည့်အဖြစ်ကို ပြချင်ပုံရသည်။ အဲဒါကလည်း သူကိုယ်တိုင်ဖွင့်ထုတ်မပြရဘဲ ချာတိတ်ကို အရိပ်ပြသင်္ကေတ​တွေချ​ပေးပြီး ကိုယ်တိုင်သိသွား​စေချင်ပုံမျိုး​ပေါ့။

Falling In Love With The Red Flag GuyWhere stories live. Discover now