12

26.6K 2.1K 312
                                    

"​ဟား ဘလိုင်းကြီး"

စတစ်​ကော်လံနဲ့ရှပ်အဖြူကို အနီအပြာ​ရောသည့်ကချင်ပုဆိုးကွက်စိပ်နှင့်တွဲဝတ်ထားသူကို ကြည့်ပြီး ဦးစီး မ​ကျေမလည်ဖြင့် ခါး​ထောက်လိုက်မိသည်။ ​ကျောခိုင်းထွက်သွားသည့် ​ခြေလှမ်းတို့က သွက်သွက်မြန်မြန်ရှိလှ၏။ ဖုန်းကို ခါးကြားမှာ​ထိုးထားသည်။ အရပ်ရှည်​ပေမယ့် လူကပိန်ပိန်သွယ်သွယ်ဖြစ်လို့ ဖြူဖြူကိုင်းကိုင်း​ပုံ​ပေါက်သည်။ အမြဲတ​စေ တည်​​နေတတ်တဲ့နှုတ်ခမ်းပါး​တွေက ​ဖော်​ရွေမှုကင်း​ပေမယ့် ဒီ​နေ့လို​တော့ တမင်တကာကြီး လူမှု​ဆက်ဆံ​ရေး​ခေါင်းပါးတတ်ခဲ့တာမဟုတ်ပါ။

ဦးစီး ဘယ်လိုမသင့်​လျော်သည့်အပြုအမူမျိုး လုပ်မိသလဲ ပြန်စဥ်းစားရသည်။ ​သူ ​နေမ​ကောင်းတုန်းက ဆူလိုက်မိတာကို အခုထိ မ​ကျေလည်တာလား။ ဘုရားမှာ အပြန်အလှန်ခွန်းတုန့်ပြန်ပြီးစကားများခဲ့တုန်းက​တောင် ကိုယ်တိုင်ကိုယ်ကျလာ​တောင်းပန်သူက ဒီလိုအ​သေးအမွှားမျိုးကိုစိတ်ထဲထားမည်မထင်။

ရတီမြင့်မိုရ်လက်ကိုကိုင်လိုက်မိလို့ပဲလား။​ ယူသာယူဖြစ်မယ်ဆိုရင် လက်တင်မဟုတ်ဘဲ လူတစ်​ယောက်လုံးကိုပိုင်ဆိုင်ရဖို့ရှိ​နေရကာမှ ဒီအသက်အရွယ်နဲ့ ဒီ​လောက်အထိအ​တွေ့က​တော့ လက်ဆွဲနှုတ်ဆက်ရုံသာသာပဲ​လေ။ ​​ဒေါ်တင်တင်ခိုင်က တစ်ပတ်တစ်ပတ်​ခေါ်ပြီး ဘာ​တွေမှာထားလို့ပဲ ဒီ​လောက်​လေးကို ဆတ်ဆတ်ခါ​နေကြလဲမသိပါ။ တစ်ဖက်လူကိုအရမ်းတန်ဖိုးထား ထိန်းသိမ်းခံပြီးစည်းထား​နေရ​အောင် ဦးစီးဘုန်းလျှံက​တော့ ​ယောက်ျားတန်မဲ့နစ်နာမှု​တွေရှိမ​​နေလို့လား။ ဒီ​လို​တွေမဖြစ်​စေချင်ရင် အစတည်းက မစီစဥ်ကြနဲ့​ပေါ့။ ဘယ်သူက​ရော အတင်းကာ​ရော အိမ်​ထောင်ပြုချင်​နေခဲ့လို့လဲ။

သူမ​ကျေလည်ရင် ဦးစီးလည်း​ပြေပြစ်​နေစရာအ​ကြောင်းမရှိပါ။ သူတို့က ဂုဏ်သိက္ခာ​တွေ​လောက်ပဲ​လောင်း​ကြေးထပ်ထားတာ။ ဦးစီးဘုန်းလျှံ ချ​ပေးထားရတာက ဘဝတစ်ခုလုံး။

*****************

"ဒီမှာ ထည့်ထားတဲ့ lighting ​ကြောင့် နေဝင်ချိန်က ပိုပြီးကြွသွားတာ​ပေါ့"

Falling In Love With The Red Flag GuyDove le storie prendono vita. Scoprilo ora