37

30.8K 2.7K 627
                                    

"ကျွန်​တော် ခင်ဗျားကို သိပ်ချစ်တယ်"

"​တောက်! ငါကွာ"

Steering ကို ထုရိုက်ပစ်လိုက်​ပေမယ့် ​ဒေါသ​တွေ​ပြေ​လျော့မသွား။ သည်စကားဟာ ဦးစီးဘဝမှာ မရိုးနိုင်​အောင် ကြားဖူးခဲ့သည့်စကားတစ်ခွန်းဖြစ်သည်။ ထမင်းစားပြီးပြီလား၊ ​နေ​ကောင်းလားဆိုသည့် ​နေ့စဥ်သုံးစကားများလို ဘာမှထူးကဲ​လေးနက်မှု ရှိမ​နေ။ တစ်စုံ တစ်ယောက်​သောသူများ ​ပြောလာတတ်သည့် "ချစ်တယ်" ဆိုတဲ့စကားဟာ ခန္ဓာကိုယ်ကို ရစ်ပတ်​နှောင်ဖွဲ့လာသည့် ကျစ်ကြိုးများလိုပင်။ ​ခြေ​တွေ၊ လက်​တွေ၊ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းများအပြင် စိတ်ရဲ့လွတ်လပ်ခြင်းများကိုပါ ​သေတ္တာတစ်လုံးထဲထည့်ပြီး ​သော့ခတ်ပိတ်​လှောင်ပစ်သည့် ရှင်သန်​နေ​သော ​​သော့ခ​လောက်သာသာ။

တစ်စုံတစ်​ယောက်က ချစ်တယ်လို့​ပြောလာတဲ့အခါ နာကျည်းချင်သည်။ ​နောက်​တော့ ခပ်ရွတ်ရွတ်သာ ရယ်​နေတတ်ခဲ့၏။ ဦးစီးအတွက်​တော့ သည်စကားဟာ ကမ္ဘာ​ပေါ်မှာ အ​လေးချိန်အမဲ့ဆုံး ဖြစ်သည်။ ချစ်ခြင်းနဲ့ပတ်သက်သည့် ဘယ်လိုတန်ဖိုးမျိုးကိုမှ ဘဝတစ်​လျှောက်လုံး ရှာမ​တွေ့ခဲ့။

​နေ့လယ်ကပဲ ဦးစီးရှိ​နေရာဆီ ဇန်​ရောက်လာပြီး "ချစ်တယ်" ဟု ဆိုခဲ့သည်။ ပြုံးရွှင်စွာ၊ ကြည်နူးစွာ၊ ချိုသာစွာဖြစ်​သော မျက်လုံးများကို စိတ်ပျက်လက်ပျက်ကြည့်ခဲ့ရသည်။

အခု​တော့ ချာတိတ်က "ချစ်တယ်" လို့ ​ပြောလာပြန်ပြီ။

"ခင်ဗျားကို ဆွဲထားမယ့်အချစ်မဟုတ်လို့ ​တွေးမပူပါနဲ့။ ခင်ဗျားကိုနာကျင်​စေဖို့ ​ပြောထွက်တဲ့ ဝန်ခံမှုလည်းမဟုတ်ဘူး။ ဒါ​ပေမယ့် ကျွန်​တော် ချစ်တယ်။ ချစ်​နေရရင်ပြီး​ရောဆိုတဲ့အချစ်မျိုးနဲ့ ကျွန်​တော် ခင်ဗျားကိုသိပ်ချစ်တာပဲ။ ခင်ဗျား ထားသလို​နေ၊ ပျော်သလိုလုပ်၊ ​မေ့ထားရင် လွမ်းပြီး၊ အတူတူရှိ​နေရုံနဲ့​ကျေနပ်တဲ့အထိ ကျွန်​တော်ချစ်ခဲ့တယ်။ ချစ်​နေတုန်းပဲ"

ဦးစီးရဲ့အကြည့်များမှ မ​ရှောင်ဖယ်သည့်မျက်ဝန်းများဟာ မျက်ရည်စီး​ကြောင်းများဖြင့် စိုစွတ်နစ်​ထွေး​နေ၏။ ရင်ထဲမှာ လစ်ဟာလာသည့် ခံစားချက်က ခန္ဓာကိုယ်အနှံ့သို့ တဖြည်းဖြည်းကျယ်ပြန့်စီးဆင်းလာသလိုပင်။ ​ခြေဖျား၊ လက်ဖျား​တွေဟာ မချမ်းပါဘဲ ​အေးစက်ထုံခဲလာတာကို ကိုယ်တိုင်သိ​နေရသည်။ ဘယ်တုန်းကမှမရဖူးသည့် ခံစားချက်အသစ်အဆန်း။

Falling In Love With The Red Flag GuyDonde viven las historias. Descúbrelo ahora