"အန်တီနောက်ကျသွားသလားကွယ်။ ဒါကြောင့် သားနဲ့နေ့လယ်စာချိန်ချိန်းချင်တာ"
"ကျွန်တော်ရောက်တာလည်း ၁၀မိနစ်လောက်ပဲရှိပါသေးတယ် အန်တီ။ အားမနာပါနဲ့"
"ရုတ်တရတ်လည်းဖြစ်၊ သီးသန့်လည်းတွေ့ချင်တာဆိုတော့ ကိစ္စထူးပြီထင်တယ်"
Sule ShangriLa ရဲ့ သီးသန့်ခန်းအထိစီစဥ်ပြီး တွေ့ဆုံမှုကို အန်တီက မင်္ဂလာသတင်းထင်ပုံရသည်။ မိုးသောက် တွေ့ဖို့ချိန်းလိုက်တာကိုပင် နေ့လယ်စာစားရင်း၊ စကားပြောရင်း တွေ့ကြမည်ဆိုလို့ ငြင်းခဲ့ရ၏။ စားသောက်ပြောဆိုရင်း စိတ်အေးလက်အေးရှိနိုင်မည့်အကြောင်းအရာများ ဖြစ်မနေကြ။ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာတဲ့ အန်တီခိုင့်မျက်ဆံနက်ထဲ မိုးသောက် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသည်။
ကမ္ဘာကြီးပေါ်ကလေးလံမှုတွေကို စနစ်တကျတွဲချုပ်ပြီး ရင်ဘတ်ထဲထည့်ထားရသည့် ခံစားချက်မျိုးဖြင့် မိုးသောက်ထိုင်နေရခြင်းဖြစ်သည်။ အန်တီခိုင်နှင့် ပထမဆုံးအကြိမ်တွေ့တုန်းက ရှိခဲ့သည့် ယုံကြည်ချက်မှာ ဓါးသွားနှင့်ဆန့်ကျင်ဘက်လိုပင်။ ယုံကြည်ချက်ဟာ ရှိနေဆဲပေမယ့် တန်ဖိုးခြင်းမတူတော့ပါ။ ပထမအကြိမ်ရှိခဲ့သည့်ယုံကြည်ချက်မှာ အောင်မြင်မှုဖြစ်ပြီး ယခုအကြိမ်ရှိနေသည့်ယုံကြည်ချက်မှာ လက်လွှတ်အဆုံးရှုံးခံမှုဖြစ်သည်။ ဒါဟာ ဘဝရဲ့ပထမဆုံး ရှုံးနိမ့်မှုဖြစ်ပေမယ့် တစ်ပါးသူက ထိုးသိပ်ထည့်ပေးလာသည့်အရာမဟုတ်။ မိုးသောက်ကိုယ်တိုင် ကျေကျေနပ်နပ်လက်ခံယူမည့် ကျရှုံးမှု။
ချိန်ခွင်လျှာပေါ်တစ်ဖက်ပေါ်ပစ်တင်ထားသည့် ဤကျရှုံးမှုဟာ လူသားတစ်ဦးရဲ့လွတ်လပ်မှု၊ ပေါ့ပါးမှုတို့နှင့် ဆတူညီမျှနေပါသည်ဆိုကာမှ မိုးသောက်ဟာ အောင်မြင်မှုတွေကိုစတေးပစ်ဖို့ ဘယ်လိုတွန့်ဆုတ်မှုမှ ရှိမနေ။ စိုးရိမ်ပူပန်တာဆိုလို့ သည်လိုသည်အကြောင်းတွေကို အန်တီတင်တင်ခိုင် အလွယ်တကူလက်ခံ၊ မခံပဲရှိသည်။ သားဖြစ်သူရဲ့ ငယ်ဘဝအက်ကြောင်းတစ်ခုလုံးကို သိနေတာတောင် မျက်လုံးဇွတ်မှိတ်ပြီး မင်္ဂလာပွဲစီစဥ်နိုင်တာ တော်ရုံအတ္တကြီးပုံမျိုးနဲ့မှမရဘဲလေ။
BINABASA MO ANG
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA