24

22.9K 1.9K 261
                                    

Warning [ Domestics Abuse Sensitive ဖြစ်သူများ ဖတ်ရန်အဆင်မ​ပြေဖြစ်နိုင်ပါသည်]

"ကဲ ငါ့​မောင်​လေး ဆာလာမယ်ထင်လို့ မမက အကုန်ပြင်ဆင်ထားလိုက်​တော့တာ"

"တကယ်ဆာလာတာ မမ"

မိုးပျံ​ခေါက်ဆွဲ​ကြော်နဲ့ ဖာလူဒါက အပူအ​အေးပင် မပြယ်​သေးပါ။ ​မြေနီကုန်းအသံလွှင့်ရုံမှာ အသံသွင်း​ပေးပြီး စမ်း​ချောင်းက မမရဲ့ဆိုင်ကိုဝင်​တော့ ​နေ့လယ်သုံးနာရီ​ကျော်။ ​နေ့လယ်စာကို ဖြစ်သလိုစားခဲ့မိလို့ ဆာ​နေတဲ့ဗိုက်က မမ​ကျေးဇူးနဲ့ပြည့်တင်းသွားရသည်။

"ပိုင်ပိုင်​​လေးရော မမ"

"ဒီမှာ နှစ်ဝက်​လောက်​နေဦးမှာဆို​တော့ စာအဆက်မပြတ်ရ​အောင် eng class ပို့ထားတယ်​လေ သူ့ဦး​လေးက။ ဒီ​နေ့ မိုး​သောက်လည်းလာမယ်ဆိုလို့ သားငယ်ကို ရုံး​စော​စောဆင်းခိုင်းပြီး ပိုင်ပိုင့်ကိုကြိုခိုင်းထားတာ။ ​နောက်တစ်နာရီလောက်ဆို ​ရောက်မှာ။ တို့​မောင်နှမ​တွေ ဒီ​နေ့​တော့ ​ရေ​ကျော်ည​ဈေးပတ်ပြီး အဝတီးရ​အောင်"

"ကျွန်​တော် ​ကျွေးမှာ​နော် မမ"

"စားရမှာ​ပေါ့။ တို့​မောင်​လေးနာမည်ကြီးဝင်​ငွေ​ကောင်းကို"

"အဲ့​လောက်လည်းမဟုတ်ပါဘူး မမရယ်"

စကား​ပြော​နေရင်းပဲ ဧည့်သည်ရောက်လာလို့ မမက ​နေရာကထသွားသည်။ ဒီမှာ စင်္ကာပူဘရန်းအဝတ်အထည်တွေကို မမက တစ်ဦးထဲကိုယ်စားလှယ်မူပိုင်ယူပြီးဖွင့်ထားသည့် ဖက်ရှင်ဆိုင်က အထပ် ၃ထပ်လုံး မမအပိုင်ဖြစ်မှန်း ဒီ​ရောက်​တော့မှ မိုး​သောက်သိရသည်။ ဒီဆိုင်က လွန်ခဲ့တဲ့နှစ်​တွေထဲက နာမည်ကြီး​နေခဲ့သည့်ဆိုင်။ ​စမ်း​ချောင်းအပြင် ပုဇွန်​တောင်နဲ့ ရန်ကင်းဘက်မှာလည်း ဆိုင်ခွဲ​တွေရှိ​သေးသည်။ ခင်မင်ရင်းနှီးမှု​တွေလျော့မသွား​ပေမယ့် ကြားထဲမှာပြတ်​တောက်သွားရသည့်နှစ်​တွေ မနည်းတာ​ကြောင့် ဆက်စပ်သမျှ​တွေနဲ့ပါ သတင်းမရဖြစ်နေခဲ့ရသည်။

"တကယ်​တော့ မမက စီးပွား​ရေးလုပ်ချင်တယ်ဆိုလို့ ဆိုင်ဖွင့်ဖို့ စအကြံ​ပေးတာ သားငယ်ပဲ​လေ။ တကယ်တမ်းလုပ်ရ​တော့လည်း သူပါပဲ။ အမျိူးသားကတစ်ဖက်၊ က​လေးကတစ်ဖက်နဲ့ဆို​တော့။ သားငယ်လည်း ကုမ္ပဏီနဲ့မမဆိုင်​တွေနဲ့ကို သူ့ဝါသနာ​လေးကို သူ့ဘာသာသူ​တောင်​သေချာ မပျိုး​ထောင်နိုင်ရှာဘူး"

Falling In Love With The Red Flag GuyWhere stories live. Discover now