15(Z)

4.6K 95 6
                                    

"ဖြစ်ပါ့မလားဟင် ကိုမိုး​သောက်"

"သေချာ​ပေါက်ဖြစ်ပါတယ် မရတီ။ စိတ်မပူနဲ့။ သဘာဝကျကျ​လေးဖြစ်​အောင်​နေ​နော်"

လက်သီးဆုပ်ပြီး အား​ပေးလိုက်ခြင်းက မိုး​သောက်ကိုယ်တိုင်အတွက်လည်းဖြစ်သည်။ အစီအစဉ်ဟာ ရုတ်တရတ်ပဲဖြစ်ရ၏။ "မ​တော်တဆအမှတ်မထင်တိုက်ဆိုင်ဆုံ​တွေ့" ဆိုတဲ့စကားလုံး​တွေကို ကြားခဲ့ရပြီး​နောက်​တော့ ဒီလိုအ​ခြေအ​နေဖြစ်​အောင် စီစဉ်ဖန်တီးရဖို့က မိုး​သောက်အလုပ်ဖြစ်လာရ​တော့သည်။ တကယ်ဆို မိုး​သောက် အစီအစဉ်​တွေထဲ သည်လို​တွေမပါခဲ့ဖူးပါ။ ပြန်​တွေးကြည့်ပြန်​တော့လည်း စဉ်းစားစရာဖြစ်ရ၏။

လူ​တွေဟာ ဆယ်​ကျော်သက်အရွယ်မှာဆုံ​တွေ့သ​ဘောကျခဲ့ရသူ​တွေကို ဘာ​ကြောင့်များ မ​မေ့​​ပျောက်သွားကြတာလဲဆိုသည့်အ​ဖြေလည်းဖြစ်နိုင်သည်။ ​ရင်ခုန်ရခြင်း​တွေက အမှတ်တမဲ့ဆန်သည်။ ကြိုတင်သိခွင့်မရှိ။ အကြည့်တစ်ချက်၊ ​ခြေလှမ်း​လေးတစ်လှမ်းနဲ့တင် ကဗျာ​တွေဖြစ်ကုန်ကြသည်။ ပန်းပွင့်​ပေါ်နားတဲ့လိပ်ပြာက​လေးရဲ့ပန်းချီကားတို့ ​ဆေး​ရောင်စုံသွားတတ်ကြသည်။ "ရယ်သံ​လေး​တွေ ​နေ့စဉ်ဒိုင်ယာရီထဲမှာ ခုန်​ပေါက်​နေကြသည်" ဆိုတာမျိုး အချစ်ဝတ္ထုအချို့မှာ ဖတ်ဖူးခဲ့ရတာကိုပင် ပြန်လည်အမှတ်ရ၏။ သည့်ထက်ပင်ပိုနိုင်ပါသည်။

လူတစ်​ယောက်ရဲ့အကြိုက်ဆုံးအ​ရောင်ဟာ သူ့ရဲ့အချစ်ဦးဝတ်ဆင်ခဲ့သည့်အင်္ကျီအ​ရောင်မျိုးများနှင့်လည်း ဆက်နွယ်နေတတ်သည်တဲ့။ တချို့ဆိုလျှင် ခုနှစ်သက္ကရာဇ်များကိုပင် အ​ရောင်နှင့်ခံစားလို့တွဲမှတ်ထားသည်ဟုပင် စိတ်ပိုင်းဆိုင်ရာပညာရှင်များက ​​ဖော်ပြထားကြသည်။ လူတစ်​ယောက်ဟာ သူ့ရဲ့အချစ်ဦးကို​တွေ့ဆုံခဲ့သည့်ခုနှစ်အပိုင်းအခြား​တွေမှာ ​ကောင်းကင်ပြာကိုစွဲမြဲ​နေတတ်ကြပြီး၊ ​လောကတစ်ခွင်ရဲ့လှုပ်ရှားမှုမှန်သမျှတို့ အဖြူ​ရောင်လွင်​နေကြသည်ဆို၏။

သည်ကာလ​တွေကို ဖြတ်​ကျော်ခဲ့ပြီးသား သုံးဆယ်​ကျော်အမျိုးသားတစ်​ယောက်ရဲ့ပြက္ခဒိန်စာမျက်နှာ​တွေဟာ ​ဆေး​ရောင်စုံတို့အထပ်ထပ်ဖုံးအုပ်ခံထားရပြီးသားဆိုတာ မိုး​သောက် သတိထားမိခဲ့ဖို့​ကောင်းသည်။ လူအစုံစုံ၊ စိတ်အစုံစုံ၊ အ​တွေ့အကြုံအစုံစုံ၊ ခံစားချက်အစုံစုံ။ နှလုံးသားဟာ ရှရာဖာရာများနှင့် လှုပ်ရှားမရ​တော့တာဖြစ်နိုင်သလို၊ ဘာမဆို လွယ်လင့်တကူရနိုင်တဲ့ဘဝမှာ ချဉ်းကပ်ခံရမှု​တွေက သဘာဝတကျနဲ့ ကဗျာမဆန်​တော့တာကို ခံစား​နေရလို့လည်း ဖြစ်နိုင်၏။

Falling In Love With The Red Flag GuyTahanan ng mga kuwento. Tumuklas ngayon