"ကိုကို ဖက်ထားဦးမယ်ကွာ..."
ရင်ထဲကိုဆွဲယူပွေ့ဖက်လိုက်ပေမယ့် အနွေးဓါတ်ပါမလာ။ ပြီးတော့ ပြန်လည်ထွေးဖက်တတ်သည့် အထိအတွေ့တွေ။ ကျိန်းစက်နေသည့် မျက်လုံးတို့က ကျဥ်စက်တို့ခံလိုက်ရသလို ဖျက်ခနဲ ပွင့်လာရသည်။ ရင်ခွင်ထဲကျစ်နေအောင် ဖက်ထားမိသည့် ခေါင်းအုံးကို စိတ်ပျက်လက်ပျက်နှင့် ပြန်လည်တွန်းထုတ်လိုက်မိသည်။
မတွေ့ရတာ ၂၄ နာရီမပြည့်သေးပေမယ့် ရင်ထဲမှာ တမ်းတမ်းတတရှိနေ၏။ ရှုပ်ပွနေသည့် ဆံပင်လေးတွေနဲ့ ရင်ခွင်ပေါ် မျက်နှာနုနုဖေးတင်အိပ်တတ်သူ။ အပြစ်ကင်းစွာ အိပ်မောကျနေတတ်သူရဲ့ ခါးတွေက အထိမခံနိုင် ယားတတ်လွန်းမှန်းသိတာကြောင့် နံနက်ခင်းနိုးလာတိုင်း သူ့ကိုစတတ်တဲ့ ဦးစီးကို မငြိုငြင်တတ်သည့်လက်ဖဝါးနွေးနွေးများ။
မီးအိမ်တင်စားပွဲပေါ်ကဖုန်းကို လှမ်းယူဆွဲပြီး ခေါ်ဆိုလိုက်သည့် ဆက်သွယ်မှုမှာ...
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
သက်ပြင်းချရင်း ဖုန်းကို ဘေးကခေါင်းအုံးပေါ် ပစ်လွှတ်လိုက်ရသည်။ နံနက်ခင်းလေထုဟာ မှိုင်းညှို့အေးစိမ့်နေ၏။ မနေ့က မိုးရေတို့ရွှဲရွှဲနစ်ခဲ့သူက နေမှကောင်းရဲ့လားမသိ။ ဦးစီးကိုယ်တိုင်တောင်ခေါင်းတစ်ခုလုံး ညှပ်နဲ့အညှစ်ခံထားရသလို နာကျင်အုံခဲနေသည်။ လူကြီးမင်းနဲ့ပဲ တိုးမယ်မှန်းသိလျက်နဲ့ ဖုန်းနောက်တစ်ကြိမ်ခေါ်လိုက်မိသည်။ ဒါပါနဲ့ဆို ဘယ်နှကြိမ်ရှိပြီမှန်းတောင်မသိတော့ပါ။
နေ့လယ်ခင်း အစည်းအဝေးတစ်ချိန်တက်ရမှာဖြစ်ပေမယ့် လူကမထချင်သေး။ ဆက်သွယ်မှုဖြတ်တောက်ထားသည့်နံပါတ်ကိုကြည့်ရင်း
လူက လေးလံထိုင်းမှိုင်းနေဆဲ။"ဂျစ်တူး..."
"ဖုန်းဖွင့်တော့"
"မောနင်း ကိုကို့ ကလေးလေး"
"စိတ်ဆိုးရင်တောင် စကားပြန်ပြောရမယ်လေ သိလား"
"လွမ်းတယ်ကွ"
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA