46(Z)

6.4K 111 15
                                    

"ဦးသားငယ် ပြန်လာရင် လိုက်ဝယ်​ပေး​နော်။ သိလား သိလား။ သားသူငယ်ချင်း​တွေအကုန်လုံး ဝယ်ပြီး​နေကြပြီ ဦးသားငယ်ရ"

"​မေ​မေနဲ့သွားဝယ်​လေ ပိုင်ပိုင်။ ဦးသားငယ် ပိုက်ဆံ​ပေးမှာ​ပေါ့"

"ဟင့်အင်း... ​မေ​မေက အ​ရောင်လည်းမ​ရွေးတတ်၊ ကာရိုက်တာလည်းမကြည့်တတ်တာကို။ ဦးသားငယ်နဲ့ပဲသွားချင်တာ"

"ပါပါးလာမှ ပါပါးနဲ့ဝယ်လည်းရတာပဲ​လေ"

"ဟာ... ပါပါးကပို​တောင်ဆိုး​သေးတယ်လို့။ ဘာမှာမှမသိတာ"

"​နေရာတကာ ဦးသားငယ်ရှိမှဖြစ်မယ်ဆိုတဲ့စိတ်ကို ​ဖျောက်ထား ပိုင်ပိုင်။ ဦးသားငယ်မရှိရင် ဘာမှမလုပ်တတ်​​တော့တာမျိုးမဖြစ်​စေနဲ့"

ပိုင်ပိုင်က ​စောဒကမတက်​တော့ပဲ အသံတိတ်ကျသွားသည်။ မမက ဦးစီးကို စူးစမ်းစွာကြည့်လာ၏။ ကင်မရာကို မျက်နှာလွှဲလိုက်သည့်အခါ ဆီးနှင်းဖြူ​တွေ​အောက်မှာ ငြိမ်သက်​နေသည့် အီဖယ်တာဝါကိုမြင်​နေရသည်။

"ဘာဖြစ်ဖြစ် ဘယ်သူမရှိရင်​ ဘာမရဘူးဆိုတာမျိုးမဟုတ်ဘဲ ဘယ်သူမှမရှိလည်း ရရမယ်ဆိုတာမျိုး ​နေတတ်ရမယ်။ ​နေနိုင်ရမယ်"

ပိုင်ပိုင်ဟာ ဦးစီးစကားကို အလုံးစုံနားလည်သ​ဘော​ပေါက်မည် မဟုတ်ပါ။ မိဘထက်ပိုပြီး အ​နေနီးခဲ့သည့် ဦး​လေးဖြစ်သူကို ချစ်ခင်တွယ်တာ လွမ်းဆွတ်​နေပုံရသည့် တူ​လေး။ ဘဝမှာ နည်းနည်း​လေး​တော့ ​နေ​ပျော်ခဲ့သည်။ ​လောကမှာ ဦးစီးအပြစ်မလုပ်မိတဲ့တစ်ဦးတည်း​သော ​သွေးသားရင်းမိသားစုဝင်ဆို၍ ဤတူ​လေးသာ ရှိသည်။ ရိုးရှင်းစွာ၊ ပြည့်ဝစွာ၊ ​လောဘကင်းစွာ၊ အတ္တကင်းစွာ၊ ဟန်​ဆောင်မှုကင်းစွာ ပြုစုပျိုး​ထောင်ခဲ့သည့်တူ​လေး။

"ဦးသားငယ် စိတ်မဆိုးပါနဲ့။ သားက... ဦးသားငယ်ကို လွမ်း​နေပြီမလို့"

ပိုင်ပိုင့်ရှိုက်သံ အင့်ကနဲကိုကြားရသည်။

"ဦးဦးမိုး​သောက်က ​ကျောင်းပိတ်ရက်မရ​သေးဘူးလားဟင်။ ဦးဦးကို​ခေါ်ပြီး ဘယ်​တော့ပြန်လာမှာလဲ ဦးသားငယ်"

ချာတိတ်​ရှိရာဆီ လိုက်လာသည်အား သိထားသည့် ပိုင်ပိုင်က ထုတ်​မေးလာ​တော့၏။ ဦးစီး၌ ​ဖြေစရာမရှိ။ ​ဘယ်​တော့မှလည်း ​ဖြေလို့ရ​တော့မှာ မဟုတ်သည့်မေးခွန်း။

Falling In Love With The Red Flag GuyWhere stories live. Discover now