47

38.3K 3.4K 719
                                    

အ​ရေး​ပေါ်ကား​​လေး ပဲရစ်လမ်းမထက် တရိပ်ရိပ်​ပြေးလွှားသွား​နေ၏။ ကား​ပေါ်ရှိ ဂျူတီကုတ်ဝတ်ထားသူမှာ ကိုကို့လက်ခုံတစ်ဖက်အား အပ်ဖြင့်​ဖောက်၍​ဆေးပိုက်များချိတ်ကာ အ​ရေး​ပေါ်အသက်ကယ်ခြင်းများ ပြုလုပ်​​နေပုံရသည်။ ​အေးစက်​နေသည့်ကျန်လက်တစ်ဖက်အား ဆုပ်ကိုင်ထားသည့် မိုး​သောက်လက်တို့၌ အားမထည့်ရဲ။ အသက်ကိုပြင်းပြင်းမရှိုက်ရဲ။ ကိုကို့ဝိဥာဥ်​လေး လန့်ဖြန့်ထွက်​ပြေးလွတ်​မြောက်သွားမလားဟူသည့် ​ကြောက်ရွံ့မှုက မိုး​သောက်တစ်ကိုယ်လုံးကို တုန်ခိုက်​နေ​စေ​လေသည်။

​အောက်စီဂျင်​ mask ​ကြောင့် ငြိမ်သက်ဖြူ​ဖျော့​နေသည့်နှုတ်ခမ်းများကိုမမြင်ရပါပဲ ​မှိတ်ထားသည့်မျက်ဝန်းများသို့သာ ​ငေးကြည့်နိုင်​လေသည်။ မိုး​သောက် မျက်​တောင်မခတ်ရဲ၊ အကြည့်မလွှဲရဲပါ။ မျက်​တောင်ခတ်မိသည့် တဒင်္ဂမှာပင် ကိုကို​ပျောက်ကွယ်သွား​တော့မလားဟူသည့် ​ကြောက်ရွံ့ထိတ်လန့်မှုများ။ ​ဖျော့​တော့​မှေးမှိန်လှသည့် အသက်ရှုသံသည် မိုး​သောက်နှလုံးသားကို ခြိမ်း​ခြောက်ယူငင်​နေသည့် တမန်​တော်လို။

​ဆေးရုံ​ရောက်ဖို့ကြာချိန် ၅မိနစ်သည် မိုး​သောက်အသက်တစ်ဝက်စာမျှ ​နေထိုင်ခဲ့ရသ​လောက် ခံစားရ​စေ၏။ ကိုကို့ခန္ဓာကိုယ်အား တွန်းလှဲကုတင်​​ဖြင့်သယ်ယူ၍ အ​ရေး​ပေါ်အသက်ကယ်ခန်းထဲအ​ရောက် ​အင်တိုက်အားတိုက် တွန်းသွားကြရသည်။ မိုး​သောက်​ရောက်သွားသည့်အချိန် ​နောက်မကျဟု ဆရာဝန်တစ်ဦး ​ပြောလိုက်သံကိုကြားရသည်။

​​ဆေးပမာဏများလှသည်တဲ့။ လည်​ချောင်းထဲ ပိုက်​ချောင်းကြည်ကြည်တစ်ခု ထိုးသွင်းသည်အား မကြည့်ရက်နိုင်​သော်ငြား မျက်နှာလည်းမလွှဲနိုင်။ မိုး​သောက် ရင်ဟာ တုန်ခိုက်လွန်းလှ၏။ မျက်ရည်များ လိမ့်ဆင်းကျ​နေသည်အား ခံစားရသည်။ မသုတ်ဖယ်ဖြစ်။ ​ခြေ​ထောက်အစုံသည် ​မတ်မတ်ရပ်နေ​သော်ငြား ဘာကိုမှမခံစားရ​တော့သလိုပင်။

မိုး​သောက်ပခုံးကို တစ်စုံတစ်​ယောက် ​ဖေးမကူတွဲကာ တစ်ခုခု​ပြောသည်။ ဘာကိုမှ မကြားရ။ ​ဆရာဝန်​တွေဝိုင်း​နေသည့် ကုတင်ကိုသာ မမှိုက်မသုန်ကြည့်​နေမိ၏။ လိုက်ကာပိတ်ချလိုက်ကြသည်။ နှလုံးခုန်သံစစ်သည့်စက်မှ နှလုံးခုန်သံပြအချက်​ပေးသံသည် မိုး​သောက်နှလုံးသား၏ အချက်​ပေး​ခေါင်း​လောင်းသံများကိုမြည်​နေ​စေ၏။

Falling In Love With The Red Flag GuyWhere stories live. Discover now