သူ့ဘေးမှာချန်ထားတဲ့နေရာလွတ်ကိုကြည့်ပြီး မိုးသောက် စိတ်တော့အေးသွားရသည်။ မိုးသည်းလွန်းလို့ပဲ မရတီမြင့်မိုရ် အရောက်နောက်ကျခြင်းဖြစ်လိမ့်မည်။ မိုးသောက် ထွက်လာတော့ပဲ ဒီနေ့ချိန်းဆိုထားကြကြောင်း သေချာအတည်ပြုခဲ့တာပဲလေ။
နေရာက စုံတွဲခုံများရဲ့ရှေ့ကပ်လျက်မှာပဲဖြစ်သည်။ ကိုလာဘူးကိုထိုင်ခုံအံကွက်လေးထဲ ထည့်ပြီးတော့ ပေါက်ပေါက်ဘူးကို မိုးသောက်ပဲပိုက်ထားရသည်။ ငါးမိနစ်လိုပါသေးတယ်လို့ သူပြောခဲ့ပေမယ့် မိုးသောက်တို့ထိုင်လိုက်တော့ ဇာတ်လမ်းစနေပြီဖြစ်သည်။ ဘာကားရယ်လို့ မိုးသောက် မမေးမိသလို သူကလည်းပြောမလာ။ ညနက်ချိန်နောက်ဆုံးပွဲဖြစ်လို့ လူငယ်တွေပင်မရှိ။ မိုးသောက်တို့လို လူလတ်ပိုင်းအရွယ်တွေသာ တွေ့ရသည်။
ပြင်ပကမိုးရဲ့အအေးဓါတ်နဲ့ ရုံထဲကအဲကွန်းအအေးဓါတ်ပေါင်းပြီး ကြက်သီးမွှေးညှင်းတို့ပင်ထရသည်။ မိုးသောက်ခြေထောက်တွေကို ခုံပေါ်ထောင်တင်လိုက်ပြီး လူက နေရာမှာခပ်လျော့လျော့မှီချလိုက်ရသည်။ မိုးသောက်ဘေးရှိလူကတော့ လက်တစ်ဖက်တင်ပြီး မေးပင်ထောက်ထားသေးသည်။ သူ့ကြည့်ရတာ အအေးဓါတ်ကို နည်းနည်းလေးမှမှုပုံမပေါ်။
စကားတွေချည်းပြောနေတဲ့ရုပ်ရှင်ကို စိတ်မဝင်စားမိဘဲ ဟိုဟိုဒီဒီကြည့်နေတုန်း နောက်ခံဇာတ်ကွက်ပြောင်းတဲ့အသံဝုန်းကနဲကြောင့် မိုးသောက် အလန့်တကြားနဲ့ပင် ထအော်မိတော့မတက်။
"What da!"
ကိုယ့်ပါးစပ်ကိုအချိန်မီပိတ်လိုက်ရသည်။ ထောင်ထားမိတဲ့ခြေထောက်တွေပင် ခုံအောက်ပြုတ်ကျသွားရ၏။ ဘာဖြစ်သွားမှန်းမသိလိုက်ဘဲ ဇာတ်ကောင်တစ်ယောက်က အသတ်ခံလိုက်ရသည့် ဇာတ်ဝင်ခန်းဖြစ်သည်။
"ဘာကားကြီးလဲ။ သရဲကားလား"
ပိတ်ကားဆီက အကြည့်တွေမခွာဘဲ စိတ်ဝင်တစားဖြစ်နေဟန်တူတဲ့လူဘက်ကို မိုးသောက် ကိုယ်ကိုတိုးပြီး မေးလိုက်ရခြင်းဖြစ်သည်။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA