"အစ်ကိုမိုးသောက်"
"ကိုမိုးသောက်"
"ကိုကြီး"
မိုးသောက်ကိုမြင်တော့ ရုတ်တရတ်ဖြစ်လွန်း၍ အံ့ဩသွားကြကာ ချက်ချင်းပြေးဖက်သူက ညီညီသွင်ဖြစ်လေသည်။
"အစ်ကိုက ပြန်လာမှာလည်း မပြောဘူးဗျာ"
ညီညီသွင့်အသံမှာ ရှိုက်သံပင်ရော၏။
"ဘယ်နေ့ကရောက်လိုက်တာလဲ မိုးသောက်။ အစ်ကိုတို့လာကြိုမှာပေါ့"
ကိုသီဟမျက်နှာသည်ပင် ဝမ်းနည်းဝမ်းသာ။ ကိုမိုးသောက်ပြန်လာပြီဟု ဝမ်းပန်းတသာကြိုဆိုလိုက်သံပျံ့နှံ့သွားသည့်အတိုင်း သတင်းကြားသည့်နေရာမှပင် သုံးလွှာရုံးခန်းရှိရာသို့ ရောက်လာကြသူတွေမနည်းပါ။ မိုးသောက်အနား ပတ်ပတ်လည်ဝိုင်းရံလာကြသည်အား ပြုံးလျက်ပင်နှုတ်ဆက်ရ၏။
"အားလုံး နေကောင်းကြတယ်မလား"
"နေကောင်းတယ်။ စိတ်မကောင်းဘူး။ အစ်ကို ကျွန်တော်တို့ကိုပစ်ထားတာ အကြာကြီးပဲဗျ"
ညီညီသွင်မှာ မိုးသောက်လက်မောင်းကိုတွဲထားဆဲနှင့် မိုးသောက်ထိုင်သည့်ခုံ၌ သူပါပူးကပ်နေအောင် ဝင်ထိုင်လေသည်။ အငယ်ဆုံးသည် မိုးသောက်အား မည်မျှအားကိုးမျှော်လင့်နေကြောင်း မေးစရာပင်မလိုတော့ပါ။
"မျက်နှာဆိုးနဲ့ ကပ်ချွဲမနေနဲ့။ သွားစမ်း ညီညီ။ မင်း client နဲ့ချိန်းထားတာရှိတယ်ဆို"
"အစကရှိတယ်။ အခု မရှိတော့ဘူးလေ။ ဟိုဘက်ကုမ္ပဏီကကောင်လုသွားတာဖြင့် ဘယ်လောက်တောင်ကြာနေပြီလဲ။ ဘယ် client မှလည်းမရှိဘူး။ ဘာအလုပ်မှလဲ မရှိတော့ဘူး"
"မင်း ဒွမ်မာတွေနောက်မှလာပြ။ သွား မင်းအစ်ကိုအတွက် ကော်ဖီသွားဖျော်ခဲ့"
"နေပါစေ ကိုသီဟ။ ကျွန်တော် သောက်ခဲ့ပြီးပြီ"
"မိုးသောက်ပြန်ရောက်တာ ဝဏ္ဏတို့ကလည်း ဘာမှမဟဘူးကွာ။ ဘယ်လိုဖြစ်ရတာလဲ"
"မဟုတ်ဘူး။ ဝဏ္ဏတို့လည်း မသိတာ ကိုသီဟ။ ပြန်လာတာသတင်းပြန့်ရင် မီဒီယာတွေနဲ့ တိုးတိုးကြိတ်ကြိတ်တွေဖြစ်မှာစိုးလို့"
ŞİMDİ OKUDUĞUN
Falling In Love With The Red Flag Guy
RomantizmLove doesn't exist, Just exist YOU VICE VERSA