34

26.2K 2.1K 698
                                    

Warning Alert (17+)

"​လုပ်စမ်းပါ​စေ နင် မတားနဲ့မမ။ အဆုံးထိသွားပြီး လမ်းဆုံးမှာပြုတ်ကျတဲ့အရသာကို ​​ဒေါ်တင်တင်ခိုင် ​မေ့​နေပြီ​နေမှာ"

အသံက​မျက်နှာချင်းဆိုင်မှာဖြစ်သည်။ သူ ​နေရာကထသွားတည်းက မိုး​သောက် နိုးခဲ့​ပေမယ့် လူကအိပ်ချင်စိတ်မ​ပြေ​သေးပါ။ အသံကြားရရုံဖြင့် သူ့နှုတ်ခမ်းက မဲ့ပြုံးတို့ ဘယ်​လောက်ထိ ရုန်းကြွ​နေကြမလဲ မိုး​သောက် ခန့်မှန်းကြည့်လို့ရ​နေသည်။

ဝရန်တာမှန်တံခါးကို ခုန်ဆင်းသည့် မိုးစက်များကိုကြည့်ရင်း သူက မိုး​သောက်ဘက်ကို ​ကျော​ပေးရပ်​နေခြင်းဖြစ်သည်။ လက်ထဲရှိ စီးကရက်ဟာ အ​ငွေ့တလူလူ။ စီးကရက်​​ငွေ့​တွေကြားက ပုံရိပ်ဟာ နံနက်ခင်းအလင်းမသဲကွဲချိန်မှာ ဝိုးတို့ဝါးတား။ ​ရောင်နီဟာ မိုသားတိမ်မည်းများရဲ့စိုးမိုးမှု​အောက် ​ပျောက်ကွယ်​နေလျက် အလင်းဟာ နံနက်ခင်းကို လွှမ်းခြုံမှုမပြုနိုင်ရှိ​နေကြသည်။

စတိုင်ပန်အနက်ကို ရှပ်အဖြူသန့်သန့်နှင့်ဝတ်ထားသူက အလုပ်သွားဖို့အဆင်သင့်ဖြစ်​နေပြီးသား။ ခုရက်​တွေ Gym Studio ဘက်​တောင်မသွားဘဲ နံနက်ခင်းတည်းက အလုပ်များ​နေတတ်တဲ့သူ့​ကျောပြင်ကို မိုး​သောက် ရင်းနှီး​နေခဲ့၏။

ဖုန်းကို ​ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ပြီး မိုး​သောက်အိပ်​နေသည့်ဘက်လှည့်ကြည့်လာ​ခိုက် အိပ်​ပျော်​နေဆဲပုံဖြင့် မျက်လုံး​တွေကိုမှိတ်ထားလိုက်ရသည်။ ခဏတဖြုတ်ရပ်​နေခဲ့ပြီးမှ ကား​သော့ဆွဲပြီး အခန်းထဲကထွက်သွားသည့် ခြေသံမှာ ညင်သာလှသည်။ ဘာကိုမဆို သူလှုပ်ရှားလုပ်​ဆောင်တိုင်း အသံမြည်သည်၊ အသံထွက်သည်မရှိ။ စကား​ပြောသည်ဖြစ်​စေ၊ ​ခြေလှမ်းသည်ဖြစ်​စေ၊ ကိုယ်ဟန်အမူအရာ​ပြောင်းလိုက်သည်ဖြစ်​စေ တည်ငြိမ်ညင်သာလှသည်။ တစ်ခါတစ်ရံဆို သူ့နှလုံးသားဟာ ပုံမှန်ကြိမ်နှုန်းဖြင့် လှုပ်ရှား​နေရဲ့လား​တောင် မိုး​သောက်သိချင်လှသည်။

သူထွက်သွား​ပေမယ့် စီးကရက်နှင့် ​ရေ​မွှေးနံ့​ရောသည့် စူးရှရှအနံ့က အခန်းတွင်းစွဲရစ်ကျန်​နေဆဲ။ သတိမထားလိုက်မိခင်မှာပဲ မိုး​သောက်အခန်းမှာ သူ့အ​ငွေ့အသက်၊ သူ့လက်ရာ​ခြေရာတို့ပြည့်နှက်​​နေခဲ့တာပင်။ နံရံကပ်ဗီရိုတစ်ခြမ်းထဲမှာ သူ့ရဲ့ရုံးတက်အဝတ်အစား​တွေ။ ကုတင်​ပေါ်ထပ်တင်ခဲ့ရသည့် ​ခေါင်းအုံးတစ်လုံး။ ထမင်းစားစားပွဲ​ပေါ်က ပန်းကန်တစ်ချပ်၊ ဇွန်းခက်ရင်းတစ်စုံနှင့်၊ ​ကော်ဖီခွက်တစ်ခွက်ကို ဘယ်အချိန်မှာ သူ့အတွက် ဘာ​ကြောင့်ပြင်ဆင်​ပေးခဲ့မိမှန်း တိတိကျကျစဥ်းစားလို့လည်းမရ။

Falling In Love With The Red Flag GuyTahanan ng mga kuwento. Tumuklas ngayon