29(Z)

4.3K 95 17
                                    

"​စာချုပ်သက်တမ်းထပ်တိုးဖို့အတွက် ပြင်ဆင်​နေတယ်လို့ကြားတယ် ကိုမိုး​သောက်။ ဒီတစ်ခါ​တော့ ကိုမိုး​သောက် ပရိတ်သတ်​တွေ​တောင်းဆိုမှုများလို့​ရော Live Questions ​တွေပါထည့်သွားဖို့ရှိတယ်လို့​ပြောတယ်"

စာရွက်​တွေစီ​နေသည့် အစီအစဉ်တင်ဆက်သူက တက်ကြွ​နေသ​လောက် မိုး​သောက် ထိုင်ခုံ​နောက်မှီ​ပေါ် ​လေး​လေးပင်ပင်ပဲမှီချလိုက်ရသည်။ Radio Station မှာ အသံလွှင့်လာတာ အခုဆို ၃နှစ်နီးပါးရှိမည်။ Podcast Channel နဲ့ Lifestyle Channel အတွက်လည်း ဒီအခန်း၊ ဒီ​နေရာ၊ ဒီတင်ဆက်သူနဲ့ပဲ တွဲဖက်လုပ်ကိုင်ခဲ့တာဖြစ်လို့ ကုမ္ပဏီပြီးရင် ဒီအသံလွှင့်ဌာနက မိုး​သောက် ​ခြေအချဖြစ်ဆုံး​နေရာလည်း ဖြစ်ခဲ့သည်။ ရင်းနှီးကျွမ်းဝင်ပြီးသားမိတ်​ဆွေကို တကူးတကပြုံးပြဖြစ်​တော့ ထူးဆန်းသွားပုံရ၏။

"ကိုမိုး​သောက် ​နေမ​ကောင်းဘူးလား"

"​ကောင်းတယ် ကို​ဇော်။ ကျွန်​တော် ဘယ်ကစ​ပြောရမလဲ စဉ်းစားနေတာ"

"​ကွေ့ဝိုက်​နေတာ ကိုမိုး​သောက်စတိုင်မှမဟုတ်ဘဲ။ ကျွန်​တော့်ကို အားမနာဘဲ ပွင့်ပွင့်လင်းလင်း​ပြောပါဗျာ။ အခုမှသိကြတဲ့လူ​တွေလည်းမဟုတ်ဘူး"

အသံလွှင့်အခန်းပတ်လည်ကို ​​စေ့စေ့စပ်စပ်ကြည့်မိရင်း စုပြုံထပ်​နေခဲ့သည့်အမှတ်တရတို့ကလည်း မှတ်ဥာဏ်ထဲမှာ ရုပ်လုံးကြွ​လို့ပုံရိပ်​တွေအဖြစ်လှုပ်ရှားနေကြသည်။ ဒီအခန်းထဲက​နေ တစ်နိုင်ငံလုံးက လူထုရင်ထဲ​ရောက်​စေမယ့် နှလုံးသား​အာဟာရအ​ကြောင်း​တွေ ​ပြောပြပေးခဲ့ဖူးသည်။ ဆရာဝန်မဟုတ်​ပေမယ့် နှလုံးသားတို့အတွက်အား​​ဆေးတစ်ခွက်ဖြစ်​စေမည့် စကားအချို့နှင့် ကုစား​ပေးဖူးခဲ့သည်။ တစ်​ရက်၊ တစ်နာရီမဟုတ်ဘဲ ရက်​ပေါင်း၊ လ​ပေါင်း၊ နှစ်​ပေါင်းများစွာ ကုန်ဆုံးခဲ့သည့် သည်အခန်းမှာ စကားသံ​တွေချည်းမဟုတ်ဘဲ နှလုံးသားတစ်ခုလုံးနဲ့ ရှင်သန်ခဲ့သည့်အခန်းပါပဲ။ မိုး​​သောက်ကို အမြဲတမ်း ရင်ခုန်​စေ၊ သစ်လွင်​စေခဲ့သည့်အခန်း။

မတည်မြဲခြင်းကသာ တည်မြဲ​နေခြင်းအတွက် မိုး​သောက်ဟာ သည်အခန်းကိုစွန့်လွှတ်ပြီး အချိန်ရဲ့​ရွေ့လျားမှု​နောက်ကို လိုက်ရမယ့်​နေ့ရှိလိမ့်မယ်လို့ ​တွေးထားခဲ့​ပေမယ့် သည်​လောက်မြန်မြန်ဆန်ဆန်ပဲ ခွဲခါဖို့ဖြစ်ရလိမ့်မယ်လို့​တော့ မစဉ်းစားထားပါ။ မိုး​သောက်ရဲ့ ငြိမ်သက်​နေသည့်မျက်နှာကို ကို​ဇော်က အကဲခတ်မရသလို စူးစမ်း​နေ၏။ မိုး​သောက် ပြုံးလိုက်​​တော့ သူလည်းလိုက်ပြုံးပြန်သည်။

Falling In Love With The Red Flag GuyDonde viven las historias. Descúbrelo ahora