42.2(Z)

5.4K 89 7
                                    

MyatHsu's Note_ ပြီးခဲ့တဲ့ အပိုင်း (42) ရဲ့အခန်းဆက်ဖြစ်ပါတယ်။ အခုကာလ စိတ်တည်ငြိမ်မှုရဖို့ခက်ခဲတာနဲ့ အပ်ဒိတ်​လေးကျဲသွားရပါတယ်​နော်။ ပုံမှန်​တော့ ဆု​​ဆု ဒီ​လောက်ထိ အပ်ဒိတ်ကြာဖို့ မရည်ရွယ်ပါဘူးဗျ။ စာဖတ်သူအားလုံးပဲ ​ဘေးအန္တရာယ်အမျိုးမျိုးကင်းရှင်းကြ​စေ💛

Justin Bieber_ Anyone


အရွက်အခက်ကျဲကျဲနှင့် သစ်ပင်မြင့်မြင့်ကြား ​မြူနှင်းမှိုင်းမှိုင်း ခိုကပ်​နေဆဲပင်။ ဘတ်စ်ကား​ပေါ်ကဆင်းလိုက်​ပေမယ့် Sorbonne တက္ကသိုလ်ကိုမ​ရောက်​သေးပါ။ မြို့ပတ် Tram ​​ပြောင်းစီးရချိန် ထိုင်ခုံ​နေရာမရ​တော့။ ချာတိတ်က ipad ကိုထုတ်ကာ စာ​ဖတ်​နေသည်။ ​ငုံ့ချထားလို့ ဆံပင်လွတ်​နေသည့် လည်ဂုတ်သား​လေးများက ရှိန်းမြမြ။ စိတ်လိုလက်ရ ငုံ့ခဲတတ်ခဲ့ရသည့် ကိုယ်​လုံး​လေးက ငြိမ်သက်လှတာကို အားမလိုအားမရဖြစ်ရ၏။ 

Sorbonne ကို​ရောက်​တော့ မနက် ၈နာရီဝန်းကျင်။ ချာတိတ်အ​စောစီးထွက်လာတာကို မအံ့ဩ​တော့ပါ။ ပြည်ပ​ကျောင်းသားများက တက္ကသိုလ် campus ထဲ အခန်းရဖို့ လွယ်ကူသည်မဟုတ်။ မြို့ပြင်နားနီးသည့် တိုက်ခန်းက​နေ မြို့လယ်​ခေါင်ရှိတက္ကသိုလ်ကို​ရောက်ဖို့ အချိန်​ပေးရသည်။

နေ​ရောင်ခြည်​ဖျော့​ဖျော့က မြူနှင်းလွှာထုကို အကုန်အစင်မဖြိုခွင်းနိုင်​သေး။ နှင်းရည်စိုစွတ်​နေသည့် မြက်ခင်းပြင်ကိုဖြတ်တိုက်လာသည့်​လေများက ​အေးစိမ့်စိမ့်ရှိလှသည်။ ​ကောင်းကင်ကိုခပ်​မော့​မော့​ငေးရင်း လမ်း​လျှောက်​နေသူ​နောက်က​နေ တ​ကောက်​ကောက်လိုက်ဖြစ်သည့် ကိုယ့်အဖြစ်ကို သ​ဘောကျစွာ ပြုံးလိုက်မိသည်။ ငယ်ဘဝ​တွေမှာ တစ်​ယောက်နဲ့တစ်​ယောက် အ​ဝေးက​နေသာ ရင်းနှီးခဲ့ရသည့်အဖြစ်က​ ပြန်​တွေ့ကြ​တော့ ချာတိတ်က ဦးစီး​နောက် တ​ကောက်​ကောက်လိုက်ခဲ့သူ။ အခု​တော့ ဦးစီးက ချာတိတ်​နောက်ကို တ​ကောက်​ကောက်လိုက်ရသူ။

မာန​ကြီးသူကို ဦးစီးအတ္တ​တွေနဲ့ပြိုင်ဆိုင်ရင်း မျဉ်းပြိုင်​တွေဖြစ်ခဲ့သည်လို့ ထင်ဖူးခဲ့​ပေမယ့် မာနနဲ့အတ္တရဲ့အလွန်မှာ မျဉ်းပြိုင်တို့ ဆုံစည်းခဲ့ကြသည်။ ​ပေါက်မဲထီလက်မှတ်ကို ကိုင်​ဆောင်ထားခဲ့ပြီးမှ ပစ်စလက်ခတ် ​နေပစ်ခဲ့မိရင်း တကယ်တမ်း​ နားလည်သ​ဘော​ပေါက်ချိန်မှာ ​လက်မှတ်ဟာ သက်တမ်းကုန်ခဲ့သလိုမျိုးပင်။

Falling In Love With The Red Flag GuyTahanan ng mga kuwento. Tumuklas ngayon