6

30.6K 2.5K 132
                                    

"ကိုမိုး​သောက် ​နေမ​ကောင်းဘူးလား"

မိုး​သောက်​ခေါင်းခါပြလိုက်ရ​ပေမယ့် ​အာရုံထဲမှာကြည်ကြည်လင်လင်ရှိမ​နေပါ။ ​လေးလံဖိစီးရသမျှက တနင်္ဂ​နွေမိုးရဲ့အငြိုးလို အရှိန်ပြင်းစွာဖြင့် မိုး​သောက်အ​တွေး​တွေကို ချုပ်ကိုင်လွှမ်းမိုး​နေ၏။ ဒီ​ရက်​တွေ မိုး​သောက်ရဲ့မှုန်မှိုင်း​နေသည့် အမူအရာက အငယ်​တွေကိုပါ ​နေရထိုင်ရကြပ်သွား​စေမည်ထင်သည်။ ဝဏ္ဏက မိုး​သောက်အတွက် နံနက်စာထည့်​ပေးရင်း အရိပ်အကဲကြည့်​နေတာ သိသိသာသာပင်။
မိုး​သောက်ဆီမှာ ဒီ​လောက်ပျက်ယွင်းရသည်အထိ လေးလံ​နေတာမျိုးမရှိခဲ့တာကို ဝဏ္ဏတို့လို အတူတူ​နေသူ​တွေက အသိဆုံးဖြစ်သည်မလား။

အုန်းနို့​နံ့သင်းသင်းနဲ့ ပဲ​သွေး၊ ဘဲဥ၊ ပဲ​ကြော်နိုင်နိုင်ပါသည့်ဝဏ္ဏလက်ရာ အုန်းနို့​ခေါက်ဆွဲကို​တောင် မိုး​သောက် ဟက်ဟက်ပက်ပက်မစားနိုင်။ ​လည်​ချောင်းမှာ တစ်စုံတစ်ခုကတားဆီး​နေသလိုလို။ စိတ်ဖိစီးမှု​တွေလား။ စကား​လုံး​တွေလား။ မိုး​သောက်ကိုယ်တိုင် အ​ဖြေရှာရင်း လမ်းခုလတ်အဆင့်မှာတင် ​လည်​နေသလိုလို။ ​နောက်​ကြောင်းပြန်​ကောက်လိုက်ရင် အာရုံထဲဝင်လာတာက အဲ့​နေ့ကဘုရားမှာ အ​ချေအတင်ဖြစ်ခဲ့ရသည့်စကားဝိုင်း။

တကယ်ဆို မိုး​သောက် ဘာကိုမှ မ​ပြောလိုက်သင့်။ သူ့ဘာသာ ဘာ​ကောင်ကြီးဖြစ်လို့ ဘယ်သူ​တွေကိုအသည်းခွဲခွဲ၊ ဘယ်သူ​တွေအသည်းကွဲကွဲ။ ဒါ​တွေအားလုံးက သူတို့ရဲ့​ရွေးချယ်မှုနဲ့ သူတို့ဘဝ​တွေပဲ​လေ။ မိုး​သောက်နဲ့ နည်းနည်းမှ မသက်ဆိုင်။ ဘယ်​လောက်ပဲ မိုး​​သောက်က ကိုယ်​ရေးကိုယ်တာကိုသုံးသပ်ရှာ​ဖွေအလုပ်လုပ်ရတဲ့လူဖြစ်​နေပါ​စေ လူတစ်​ယောက်ကို ဘယ်လို​နေပါဘယ်လိုထိုင်ပါဆိုတဲ့ ​ပြော​ရေးဆိုပိုင်ခွင့်မျိုး နည်းနည်း​လေးမှရှိမ​နေပါ။
အဲ့​တော့ ပြဿနာရဲ့ရင်းမြစ်ကိုအ​ဖြေရှာလိုက်ရင် မိုး​သောက်ဘက်က စ​ဖောင်း(foul)တာ။ သူ့​မေ​မေနဲ့သူ့ကြားထဲ ဘယ်လိုပဋိပက္ခ​တွေရှိလို့ မိုး​သောက်ကို အမြင်​စောင်းတာဘာညာကလည်း သူ့အပိုင်းပဲ​လေ။ တကယ်ဆို မိုး​သောက်က ဘာအတွက်နဲ့မှ သူ့ကို​ပြော​ရေးဆိုခွင့်ရှိမ​နေပါဘဲ။ တစ်ပတ်တာလုံး သပွတ်အူလိုရှုပ်​ထွေးသမျှအ​တွေး​​တွေရဲ့အစကို အ​ဖြေရှာလို့ရတာနဲ့ မိုး​သောက် ကား​သော့ဆွဲပြီးထွက်လာလိုက်သည်။ တကယ်ဆို တနင်္ဂ​နွေ​နေ့​တွေမှာ အလုပ်အ​ကြောင်း​ခေါင်းထဲမထည့်သလို အလုပ်နဲ့ပတ်သက်​တဲ့ဘယ်သူ့ကိုမှလည်း မိုး​သောက်​တွေ့​လေ့မရှိ။

Falling In Love With The Red Flag GuyWhere stories live. Discover now