ဗိုက်ဆာနေတာ သူဖြစ်ပေမယ့် တကယ်တမ်းဆိုင်ကိုလည်းရောက်လာရော စကားတောင်ရေရေလည်လည်မပြောနိုင်ဘဲ အစားအသောက်တွေမှာပဲ အာရုံများနေတာ မိုးသောက်ဖြစ်သွားရသည်။ ဆောင်းဦးမှာ စီစဉ်ရတော့မယ့် မင်္ဂလာပွဲရက်တွေညှိထားပေးရတာနဲ့ FM ရဲ့ ကဏ္ဍတစ်ခုမှာ အချစ်ရေးအကြောင်းဆွေးနွေးပေးဖို့ကိစ္စတွေ စီစဉ်ရတာကြောင့်ရော တစ်နေကုန် နေ့လယ်စာသေချာမစားရသေးပါ။ အစားဝင်လို့ လူက နေသာထိုင်သာရှိသွားမှ သူ့ကိုမော့ကြည့်မိတော့ သူကအအေးသောက်ရင်း ပြုံးစိစိနဲ့ မိုးသောက်ကိုကြည့်နေ၏။
မိုးသောက် မြိုချနေတာတွေပင်နင်သွားရသည်။ တစ်ရှူးဆွဲယူပြီး နှုတ်ခမ်းကိုသုတ်လိုက်တော့ လူက ကို့ရို့ကားယားနိုင်သွားသလားပင်မသိပါ။ အကြည့်က စူးရှရှ။ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်လောက်ပေမယ့် သူ့မျက်ဝန်းရဲ့အဲလိုစူးရှမှုတွေက သူ့ပင်ကိုယ်အတိုင်း။ နှုတ်ခမ်းတို့ပေါ်ရှိအပြုံးက သစ်ရွက်တွေကြားထဲ လေပြည်ဝှေ့သွားသလို လှုပ်ခတ်သည်ဆိုရုံ ယိမ်းယိမ်းသက်သက်။
"ကိုဦးစီး ပြောတော့မလား"
"ကုန်အောင် စားပါဦး။ ဖြည်းဖြည်းပေါ့"
"ကျွန်တော် ဝပါပြီ"
"အင်း...ဒါဆိုလည်း စမယ်လေ"
ကျောပိုးအိတ်ထဲက မှတ်စုစာအုပ်ထုတ်ကာ ရေးမှတ်ဖို့ပြင်ဆင်နေတုန်း သူက Waiter လှမ်းခေါ်ပြီး စားပွဲရှင်းခိုင်းသည်။ လီမွန်တီးနှစ်ခွက် ထပ်မှာလိုက်တာကို မိုးသောက် မတားတော့ပါ။ တစ်နေ့တာရဲ့သုံးပုံနှစ်ပုံအပိုင်းအခြားကိုရောက်လာပြီဆိုတော့ မိုးသောက်အာရုံတွေကြည်လင်နေဖို့လည်း အကူအညီလိုအပ်နေပြီမလား။
ခြေထောက်ကိုချိတ်ထိုင်နေတာဖြစ်ပေမယ့် ဆိုဖာကိုနောက်မှီထားပြီး သူဟာ မိုးသောက်တွေ့ဖူးသမျှထဲမှာ သက်သောင့်သက်သာအရှိဆုံးပုံစံနဲ့ဖြစ်သည်။
"ရတီမြင့်မိုရ်ကို ကိုယ်မကြိုက်တာ မရှိပါဘူး။ ဒါပေမယ့် ကြိုက်တာလည်း မရှိဘူး"
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA