part 1

40.9K 1K 14
                                    


မနှင်းဆီ
#သိပ်ကြောက်ဖို့ကောင်းတဲ့ ဆူးတွေနဲ့သူမ
#အဘယ်လူသားမှ သူမအနားမကပ်နိုင်အောင်
  ဆူးတွေနဲ့ခြံရံထားတဲ့သူမ
#သိပ်ကြောက်ဖို့ကောင်းလောက်အောင်
  မွှေးရနံ့တွေနဲ့ သင်းထုံ​နေတဲ့ သူမ

သူမကို အမရာ သိပ်ချစ်ရပါသည်
သူမနာမည်က နှင်းဆီ  မနှင်းဆီပေါ့လေ

~~~~~~~~~~~~~~~~~

မနှင်းဆီ
မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ
နှလုံးသားထဲ ထည့်ချစ်မိသည်လေ
ဆူးတွေ ဆူးနေပါစေ ချစ်မြတ်နိုးမိနေသည်လေ

~~~~~~~~~~~~~~~~~

"အမရာမောင်"

"ဟုတ်"

"ဒါကဘယ်လဲ"

"မောင်.. ဟိုလေ မောင်"

"ကားမောင်းပြိုင်ပွဲကို သွားမလို့​မှတ်လား အမရာ
ငါလေ သမီးမိန်းကလေးမွေးထားလို့သာပဲ မိအမရာမောင်ရယ် "

"မောင် ပြောတာ အဲ့တာလေ
မေမေသာ မောင့်ကိုယောက်ျားလေးဖြစ်အောင်မွေးပေးခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ..
ခုတော့ မိန်းမဖြစ်နေရပြီ"

အမရာ ပြောလိုက်မှ ပိုလို့ဆိုးသွားတဲ့ ​ဒေါ်မဒီ အမရာ့ခေါင်းကို လှမ်းခေါက်သည်

~ဒေါက်

"အ ​မေ​မေရယ် နာလိုက်တာလို့
ဒီလောက်ချစ်စရာကောင်းတဲ့ ကိုယ့်သမီး​လေးရဲ့ခေါင်းကို တိန်ခနဲ​မြည်အောင် ခေါက်လိုက်ရလား"

အမရာမောင်ဆိုတာ ထိုသို့ အဆိုးလေးပါ
ဖတဆိုးလေးမို့ အမေရော အဖွားကပါ အလိုလိုက်အကြိုက်ထားခဲ့သည်မို့ ဆိုးသည်...

လူကလဲ မိန်းကလေးသာဆိုသည်
မိန်းမနဲ့တူသည်ဆိုလို့ ဆံပင်ရှည်နေတာလေး တစ်ခုသာ
ဝတ်ပုံစားပုံကတော့ ယောက်ျားလေးတစ်ဦးလိုပင်
အဝတ်အစားဝတ်လျှင် ဂျင်းဘောင်းဘီအတိုအရှည်နဲ့ တီရှပ်ကိုသာ စွဲစွဲမြဲမြဲဝတ်တတ်သည်
အပေါ်ထပ်ဂျင်းကုပ်​လေးတစ်ထည်ကတော့ ဘယ်သွားသွား ဘယ်လာလာ အမြဲမပါမဖြစ်ပေါ့

အမရာ့ကို ထုရိုက်တော့မှာသိတာကြောင့် အမရာ့အဖွားက ဘုရားဝတ်​ပြုနေရာကနေ အမြန်ဆင်းလာသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now