Part 5

11.4K 588 13
                                    

exam က မေးတဲ့မေးခွန်းနဲ့ ဖြေရတဲ့အဖြေက အချိန်လုံလောက်အောင်မပေးထားတာကြောင့် ဆရာဝန်လက်ရေး ပဲပင်ပေါက်ကဲ့သို့ စကားအတိုင်း ဘာရေးထားမှန်းမသိအောင်ပင် ရေးရတတ်သည် အဆိုးဆုံးအချိန်ကတော့ lecture လိုက်သည့်အချိန်ပေါ့

အမရာတို့ သုံးရက်မြောက်စာမေးပွဲကို ဖြတ်ကျော်လာပြီဖြစ်သည် စာမေးပွဲဖြေအပြီး အိမ်ပြန်ရောက်တော့ အိပ်ယာထက်ပစ်လှဲလိုက်မိသည်
ဖုန်းလေးကောက်ကိုင်ပြီး အမောပြေ ခိုးရိုက်ထားတဲ့ပုံကလေးတွေကို ကြည့်သည်

တကယ့်အမောပြေလေးပဲ
ကန္ဒာရက အိုအေစစ်လေးနှယ်

အမရာ နှင်းဆီ ​ပေးလိုက်တဲ့ ဖုန်းနံပါတ်လေးကို အရဲစွန့်ကာဆက်ကြည့်မိသည်

"ဟလို"

"မမ "
အမရာ့အသံကို မှတ်မိသည်ထင်ပါတယ်

"ဟင် အမရာမောင်လား အသက်ရှည်ဦးမယ်
အခုလေးတင် ဖွားဖွားကို မင်းနဲ့စတွေ့တဲ့အကြောင်း
ပြော​ပြနေတာ"

အမလေးးးး သေပါပြီ
မောင့်အကြောင်းကိုတောင် ပြောနေကြသည်တဲ့လား
မမရဲ့ အတွေးထဲ နှုတ်ခမ်းဖျားက စကားလုံးတွေထဲ အမရာရောက်နေပြီလား
အမရာ မျက်နှာမှာ ဘယ်သို့​ဖြစ်နေမည်နည်း တွေးကြည့်ရင် သိနိုင်ပါသည် ဖုန်းပြောရင်း မှိုရသလိုပါပင်

"ဟုတ်လား
မောင့်ကို မမသွဲ့က ထမင်းစားဖိတ်ထားတာ
အဲ့တာ မောင်စာမေးပွဲပြီးရင် လာမလို့ မမကိုလှမ်းပြောပြတာ"

"လာလေ ဖွားဖွားကလဲ မိတ်ဆက်ပေးဦးတဲ့ ဟိုနေ့ကလဲ ခနပဲတွေ့လိုက်တာ မိတ်မဆက်ပေးလို့ပြောနေလေရဲ့ ဒါနဲ့ ဖြေနိုင်လား"

သူမအမေးလေးကြောင့် ဘာသာရပ်တွေအကုန် မဖြေရပဲ အောင်သွားသလိုပါပဲ

"ဟုတ်..ဖြေနိုင်ပါတယ်"

ဖြေနိုင်လားမေးမိပေမဲ့ ဘာမေဂျာလဲတော့ နှင်းဆီမမေးဖြစ်ခဲ့သလို အမရာကလဲ မပြော​ပြမိခဲ့ ဒီတိုင်းတက္ကသိုလ်ကျောင်းသူလေးဟုသာ သတ်မှတ်ထားပုံရသည်

"စာမေးပွဲ ပြီးရင်လာခဲ့နော်
တို့တွေမျှော်နေမှာ "

"ဟုတ်မမ
မောင်လဲ သတိရတာနဲ့ဆက်လိုက်တာ
အဲ့တာဆို လာမှတွေ့မယ်နော်"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now