Part 29

10.1K 509 15
                                    

"တို့က သက်ဦးစနေနော်
မဆိုးတတ်ဘူး ဆိုးရင်လဲအရမ်းဆိုးတာ
တို့ကိုချစ်ရင် ဆင်ခြင်နိုင်မှ သည်းခံနိုင်မှရမယ်...ဟင့်"

သူကလဲကိုက်လဲကိုက်သေး သူကပဲ ပြန်ပြောသေးသည်

"ဟုတ်ပါပြီ..အခု မောင့်အမျိုးသမီးလေးက အခုကျေနပ်ပြီမှတ်လား
စိတ်ဆိုးပြေရင် မောင် ကျေနပ်ပါပြီ"

ကိုက်ခံရတုန်းက သွေးပူနေလို့ သိပ်မသိသာပေမဲ့ အချိန်ကြာတော့
နည်းနည်းနာလာသည် ကိုက်တဲ့အရှိန်ကပြင်းသည်

"တကယ့်ခွေးပေါက်လေးပဲ
လူဆိပ်များတက်နေပလားမသိ နာလိုက်တာ"

အမရာ ကိုက်ရာကိုပွတ်ချေရင်း ပွစိပွစိလုပ်နေသည်
တိုးတိုးပြောနေသည်မို့ ဝိုင်ထုတ်ဖို့ခိုင်းနေသည့် နှင်းဆီမကြား

"မောင်...."

"ဟုတ်"

"ဒီမှာလာကြည့်"
သူမဝိုင်ပုလင်းအခွံလေးကို ကိုင်ကာပြသည်
"ပုလင်း တို့ဒီဇိုင်းပေးထားတာ လှတယ်မှတ်လား"

"ပြပါဦး"
အမရာသေချာကိုင်ကြည့်ပြီး
"လှပါ့ ပိုင်ရှင်​လေးအတိုင်းပဲ"

အမရာပြောတော့ စည်ထဲက​နေ ဝိုင်ထုတ်နေတဲ့ကလေးက ပြုံးစိစိလုပ်နေသည်

"အများကြီးထုတ်မလို့လား"

"မေမေအတွက်က စည်အသေးလေးနဲ့ ဂျင်းဝိုင်ထည့်ပေးလိုက်မယ် သူကနေ့တိုင်းနဲနဲစီမှီဝဲသင့်တယ် အသက်အရွယ်ရလာတဲ့အမျိုးသမီးတွေအတွက် ကျန်းမာရေးရှယ်ကောင်း"

အမရာ သူမလဲသောက်ချင်တာမို့ စကားခေါ်သည်
"ကျန်းမာရေး ကောင်းမကောင်း ဆရာဝန်ကစမ်းသောက်ကြည့်မှ အဆင်ပြေမှာပေါ့"

"သူ့​​ကြည့်​တော့ရုပ်က ဝိုင်သောက်ဖို့အသက်မပြည့်တဲ့ရုပ်နဲ့
ဝိုင်ကသောက်ချင်သေးတယ်"
အမရာ သောက်မှာ စိုးလို့တမင်နှိပ်ကွပ်ကာပြောသည်

"ဘာလဲ မသောက်စေချင်တာလား

"သောက်လို့ရတယ် တို့နဲ့အတူရှိမှသောက်
ဒီည စမ်းသောက်ကြည့်ချင်သောက်
အခြားသူနဲ့ဆို လုံးဝမထိရဘူး
တစ်ခါထဲပြောထားမယ် အရက်ဘီယာဆေးလိပ် လုံးဝNoနော်"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now