"မနှင်းဆီနော် မအိပ်ချင်ဘူးလားပြော
မောင်က ပင်ပန်းနေမှာစိုးလို့အိပ်ခိုင်းနေတာမောင့်ကို လာစရင်တော့ ဒီညအိပ်ရမယ်မထင်ဘူး""ဟ ဟား... တို့ကတကယ်အိပ်ရမလားမေးတာပါ
ဒီနှာဘူးမလေးကတော့ လျောက်တွေးနေပါပြီ"အမရာ သူမကို မထိတထိလာစနေတဲ့နှင်းဆီကိုအလွတ်မပေးတော့ပါ ပါးနှစ်ဖက်ကိုဆွဲကာ နှုတ်ခမ်းကိုအကြင်နာအနမ်းပေးသည်။ အမရာနမ်းတိုင်းမငြင်းခဲ့သည့်နှင်းဆီ အခုလဲမငြင်းပါ။ ထိုနူးညံ့တဲ့နှုတ်ခမ်းလေးကို ဘယ်အရာနဲ့မှမလဲနိုင်။
အနမ်းတွေပေးရင်း ခန္ဓာကိုယ်လေးအနွေးဓာတ်ကလေးရလာတော့ အမရာအနမ်းတွေကိုရပ်တန့်လိုက်ပြီး
"အိပ်ရအောင်ပါနော် ပင်ပန်းနေမှာစိုးလို့"
အမရာအတည်ပြောနေတာမို့ နှင်းဆီမစတော့ပဲ ရင်ခွင်ထဲတိုးဝင်ကာ အိပ်လိုက်တော့သည်။ အမရာကားမောင်းလာတာမို့ ပင်ပန်း နေမှာကိုလဲ သိသည်။ တကယ်လဲ မကြာလိုက်ပါ ပင်ပန်းနေတာမို့ ခနလေးနဲ့အိပ်ပျော်သွားကြလေသည်။
မနက်၅ နာရီကိုဘယ်လိုထိုးသွားသည်မသိ။ မနိုးသေးတဲ့အမရာ့ကို နှင်းဆီ နှိုးရလေသည်။
"မောင်... မောင်ရေ... ထတော့လေကွယ်"
"အင်း..."
အမရာ အင်းဟုသာပြောပြီး နှင်းဆီကိုရင်ခွင်ထဲပြန်ဆွဲသွင်းကာ အိပ်နေပြန်သည်။
"မောင် ထတော့လို့ကွာ
တိမ်ပင်လယ်ကြီးရောက်လာတော့မယ် ထတော့လို့"အမရာ နိုးရက်နဲ့မထပဲ ငြိမ်နေပြန်သည်။
"ကဲ တို့ရဲ့အိမ်ဦးနတ်လေးရေ"
နှင်းဆီကအိမ်ဦးနတ်လေးဟုဆိုမှသာ အမရာမောင်တစ်ယောက် မျက်လုံးပွင့်လာသည်။
"ကြည့် နိုးနေရက်သားနဲ့ မောင်နော်"
"စောနက ဘယ်လိုလေးခေါ်လိုက်တာ
ပြန်ခေါ်ပါဦး မနှင်းဆီရယ်""မခေါ်နိုင်ပါဘူး
အိပ်ချင်ယောင်ဆောင်နေတာကို
တို့က BBC တစ်ခါပဲလွှင့်သည်""ရတယ်လေ မခေါ်ရင်မထဘူး ဆက်အိပ်နေမှာ"
အမရာ သူမကြားချင်တာကြားရဖို့အရေး စျေးကိုင်လေသည်။ နှင်းဆီ ထိုအဆိုးလေးကိုမနိုင်ပါ။
YOU ARE READING
ချစ််ရပါတယ် မနှင်းဆီ
Romanceမနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးနေပါစေ ချစ်မြတ်နိုးမိနေသည်လေ