Part 17

12.6K 593 19
                                    

"ချော!"

နှင်းဆီကအော်တော့ ချောကလဲ ပြန်အော်သည်

"ဘာဖြစ်နေတာလဲ အခုမှလာပြီးအ​​ဖြစ်သည်းပြမနေနဲ့
တို့ကကြုံရင် ကြုံသလိုနှိုက်မြည်းမှာပဲ"

"မရပါဘူး...
စောစောက ဘယ်လောက်ဝမ်းနည်းရလဲသိရဲ့လားချောရဲ့
အသည်းတွေကွဲပြီထင်နေတာ..."

နှင်းဆီ ငိုမဲ့မဲ့လေးပြောတော့ ချောကရယ်သည်

"ရှင့်ရဲ့ မျက်ဝန်းကိုကြည့်ရင်သိပါတယ်
မျက်ရည်တွေတောင် ကျထားသေးတယ်မှတ်လား
တို့လေ စောစောကအရမ်းစချင်နေတာ မှတ်လောက်အောင်စမယ်လုပ်နေတာ
သနားလို့နော်... ဟင်း"

"ကျေးဇူးပါ ချော
တို့အတွက် ဒီလူသားလေးကို ချန်ထားပေးလို့"

"တို့ စကားတွေအများကြီးပြောချင်​သေးတယ်နှင်းဆီ
အခုတော့ မဟုတ်သေးဘူး "

ချော သိသင့်သလောက်ကိုသိထားပေမဲ့ တိကျတဲ့အဖြေမဟုတ်သေးတာမို့ မပြောနိုင်သေး ထပ်၍စုံစမ်းရပါဦးမည်

"အခုတော့ တို့ကလေးကို သွားနှုတ်ဆက်ဦးမယ် အိမ်ကဖုန်းဆက်ခေါ်နေလို့ ပြန်ရဦးမယ်လေ..."

နှင်းဆီကတော့ ရင်ထဲကအပူလုံးကြီးကျသွားပြီမို့ ချောကို မတားတော့

~~~~××~~~~

"မောင်"

"မမ ဘာလို့လိုက်လာတာတုန်း
ဖြေးဖြေးလာနော် ချော်လဲမယ်
မောင့်နေရာက ရှုပ်ပွနေတာ"

ချောက အိမ်ကလေးကိုလိုက်လာသည် တကယ်ကပြန်တော့မှာမို့ နှုတ်ဆက်ဖို့လာခြင်းပါ နှင်းဆီပန်းတွေကိုတွေ့လိုက်ရတော့
ငေးကြည့်နေမိသည်

"မောင် အပင်တွေက များလိုက်တာ
အကုန်အဖူးတွေနဲ့ ပွင့်တော့မှာပဲ
ပွင့်ရင် ဘယ်လောက်တောင်လှလိုက်မလဲ
ဘယ်လိုတောင်စိုက်ထားတာတုန်း.. ကလေးရဲ့"

အမရာ ခေါင်းလေးကုပ်ရင်းး

"မောင် ...မနှင်းဆီကို မွေးနေ့လက်ဆောင်အနေနဲ့ ပေးချင်လို့
တစ်ခြံလုံးနှင်းဆီပန်းတွေ နဲ့ suprise တိုက်မလို့"

"ဟုတ်သားး နှင်းဆီမွေးနေ့ နီးပြီပဲ
သူက ငယ်ငယ်ထဲက မွေးနေ့မလုပ်ရဘူးမောင်ရဲ့
သူ့အမေရဲ့နှစ်ပတ်လည်အနေနဲ့ အလှူလေးပဲလုပ်တာ"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now