Part 30

10.6K 513 10
                                    

ကားထဲလဲ ပစ္စည်အစုံတင်ပြီးလေပြီမို့ မန္တလေးပြန်ဖို့က အဆင်သင့်ဖြစ်နေလေပြီ

"ပြန်တော့လေ မောင်ရယ် အချိန်မနည်းတော့ဘူး"

အမရာ ပြန်ရတော့မှာဆိုတော့ မျက်နှာမကောင်း

"ပြန်မှာပေါ့ မနှင်ပါနဲ့
ပြီးရင် ဘယ်တော့မှတွေ့ရမယ်လဲ မသိ
မောင်က... "

အမရာ အသံတိတ်သွားတော့
"ဘာဖြစ်လို့လဲ ..
မောင်ဘာပြောမလို့လဲ"

"မောင်က စီးပွားရေးအကြောင်းတွေ လေ့လာရတော့မယ်လေ
ချစ်တဲ့သူနဲ့ နီးစပ်ဖို့ လုပ်ရဦးမယ် နောက်ပိုင်း မအားဖို့ကများနေပြီ"

အမရာ့စကားကြားတော့ နှင်းဆီပြုံးစိစိလုပ်သည်

"တို့အတွက်ပေါ့...ဟုတ်လား
မောင်က စီးပွားရေးလုပ်မယ်ဆိုတော့ စဥ်းစားထားတာရှိနေပြီပေါ့"

"ဒါပေါ့"

အမရာ့ အဖေထားခဲ့ပေးတဲ့ ရှယ်ယာနဲ့ပိုင်ဆိုင်မှုတွေ နှင်းဆီမသိသေး သိုပေမဲ့လည်း အမရာ့အတွေးထဲမှာတော့ ကိုယ်တိုင်ရအောင်ကြိုးစားဖို့သာတွေးထားသည်

"ယုံလိုက်....
မောင့်နာမည်ကို မနှင်းဆီရဲ့ဖေဖေပြော​နေတဲ့ စီးပွားရေးလောကမှာ ကြားရစေမယ်
ဒီနယ်မြေက လူတွေသိစေရမယ်"

နှင်းဆီကို အားတက်သရောပြောနေတဲ့ချစ်သူလေးကို အချစ်ပိုရသည်

"ဟုတ်ပါပြီ ပြန်တော့နော်ကားပေါ်တက်တော့...
မိုးချုပ်တော့မယ်ကွယ်
ပြောစကားနားမထောင်ရင် ချစ်ဖို့မကောင်းတော့ဘူးကွယ်"

"ဟုတ်ကဲ့ပါ.... ပြောစကားနားထောင်ပါ့မယ်
ပြန်တော့မယ်နော်
ဖွားး မောင်ပြန်ပြီနော်"

အဖွားကိုလဲလှမ်းနှုတ်ဆက်သေးသည်
အမရာပြန်သွားတော့ အိမ်ကြီးက အရင်အတိုင်းတိတ်ဆိတ်သွားပြန်သည်

အမရာ အလာတုန်းကတော့ သွက်လက်နေပေမဲ့ အပြန်ကျ အားမရှိတော့ ကားပင်မမောင်းချင်လောက်အောင်လေးပင်နေလေသည်

"မေမေ မောင်ပြန်ရောက်ပြီ"

ဒေါ်မဒီ အသံမကြားတော့ အမရာအိမ်ထဲဝင်သွားသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now