Part 37

9.5K 489 15
                                    

"မောင်က ချစ်ဖို့ကောင်းလားဟင် "

နန်း အမရာ့ခေါင်းလေးပွတ်ပေးပြီး

"ချစ်ဖို့ကောင်းတာပေါ့ ကလေးရဲ့"

"ဟင့်အင်း... မမလိမ်နေတာ
မောင်က ချစ်ဖို့မကောင်းပါဘူး...
မောင်ကချစ်ဖို့မကောင်းလို့ မေမေကလဲမောင့်ကိုထားခဲ့တယ်
မနှင်းဆီကလဲ မောင့်ကိုထားခဲ့ဖို့လုပ်နေပြီ သိရဲ့လား"

နန်း ထိန်းထားပေမဲ့ အမရာနဲ့အတူပင် မျက်ရည်တို့ကျလာသည်

"ကလေးရယ်...အဲ့လိုတွေ မတွေးရဘူးလေ
​မောင့်ဘေးမှာ မမ ရှိသေးတယ် နွေတို့ရှိတယ်
အရမ်းပင်ပန်းနေရင် မမကိုချက်ချင်းလာတွေ့လိုက်ရောပေါ့
ဘာလို့အခုလိုအရက်တွေ သောက်ရတာလဲ"

"နာကျင်နေတာတွေ ပျောက်မလားဆိုတဲ့
မျှော်လင့်ချက်လေးနဲ့ သောက်လိုက်မိတာပါ"

"အခုရော ပျောက်သလား"

"ဟင်အင်း မပျောက်ဘူး
ခေါင်းတောင် ကိုက်​သေးတယ်"

"ကြည့်ပါလား
Alcohol ကမကောင်းပါဘူးလို့"

"Alcohol ဆိုတော့ CH3 CH2 OH ပေါ့"

"ကြည့် စာဂျပိုးလေး
Chemical name လဲသိတာပဲလား"

အမရာ နန်းငိုနေတာသတိထားမိလို့ သူမရဲ့စကားကို လမ်းကြောင်းလွှဲလိုက်ခြင်းပါ ခံစားရတာသူမနဲ့ပဲ လုံလောက်ပြီမို့ သူမကိုချစ်တဲ့မမနန်းကိုပါ မထိခိုက်စေချင်

"ခေါင်းကိုက်ရင်လဲ အိပ်လိုက်တော့"

"ဟုတ် မောင်အိပ်တော့မယ်နော်
မောင့်ကို လာခေါ်ရတာ မမပင်ပန်းသွားပြီး
မမလဲအိပ်တော့နော်"

အမရာ မအိပ်ချင်​ပေမဲ့လဲ ခုတင်ပေါ်တက်ကာ ခေါင်းတွေလဲနောက်နေတော့
ဘာမှဆက်မတွေးပဲ အိပ်ပျော်အောင်အိပ်လိုက်သည်
အိပ်ပျော်အောင်အိပ်ပေမဲ့လဲ အိပ်မရပါ ဒီလိုနဲ့ပဲမိုးလင်းသွားသည်

မနက်လင်းတော့
"အရက်သမားလေး နိုးပြီလား"

"နိုးပါပြီ ...
တစ်ခါပဲသောက်ဖူးတာပါ
အရက်သမားမဟုတ်ရပါဘူးမမရယ်"

"မသိဘူး ညက မူးနေတာပဲမြင်တယ်
လာ ဒီမှာလာထိုင် မမပြောစရာရှိတယ် "

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now