"အတော်နာနေလား အမရာ"
အခြေအနေသိချင်တာမို့ နှင်းဆီ အောက်ဆင်းလာခဲ့သည်
အမရာ့နားက ထိုမိန်းကလေးအကြောင်းလဲသိချင်သေးသည်နွေက အမရာ့ကို ဆေးထည့်ပေးရင်း စကားကိုဖြတ်ပြောသည်
"နွေ့ရဲ့စံပြလူသားလေးက အနာချုပ်တာတောင်
ပြောစရာမရှိအောင် သေသပ်နေရော
တစ်ခုပဲ ဟောဒီခေါင်းထဲ ဦးနှောက်မရှိတာလေးတစ်ခုပဲ..."
အမရာ့နားထင်ကို လက်ညှိုးဖြင့်ထိုးကာပြောသေးသည့် နွေနွေ မနှင်းဆီဆိုတဲ့ ထိုအမျိုးသမီးကို ကြည့်မရပါ
အမရာမောင်ဆိုတဲ့ နွေ့သူငယ်ချင်းက
အရာရာပြောစရာမလိုအောင် ပြည့်စုံနေသူ
ရုပ်ရည်ကြည့်မလား
ပညာရေးကြည့်မလား
စိတ်သဘောထားကြည့်မလား
ဘာမှလိုလေသေးမရှိပြည့်စုံတဲ့ သူမသူငယ်ချင်းကို ကျွန်တစ်ယောက်လို ဆက်ဆံသည်လေအခုလဲ သူမသူငယ်ချင်းအပေါ် ရက်စက်သည်ကို စန္ဒီကတစ်ဆင့်ကြားထားသည်လေ ဒီနေရာကိုမလာခင်ကတည်းကပင် စန္ဒီနဲ့အဆက်အသွယ်ရပြီး ဖြစ်ကြောင်း ကုန်စင်သိထားသည်လေ
"နွေ နင်ကလေ"
အမရာ နွေ့ကိုဟန့်သည်နှင်းဆီနဲ့ပတ်သတ်မှုကို ရွဲ့ကာပြောနေမှန်း အမရာရော နှင်းဆီပါသိနေသည်
"အမရာ သက်သာပါတယ် မနှင်းဆီ
သူငယ်ချင်းလဲ ရောက်လာပြီဆိုတော့ စိတ်မပူပါနဲ့"နွေက ဆေးပတ်တီစီးပေးပြီးတော့ ထိုင်ရာမှထသည်
"ပြန်လိုက်ခဲ့ပါလား မောင်
မေမေမဒီနဲ့ ကတိပြုထားတာ နားလည်ပေမဲ့
ဒါကမောင့်ဘဝ မောင့်အနာဂတ်လေ
ဟောဒီလက်ကလေးက ဘယ်လိုလက်လဲဆိုတာ မောင်သိရက်နဲ့
ပြန်လိုက်ခဲ့ပါလား မောင်ရယ်...
မမလဲသနားပါတယ် သူ့မှာနေ့တိုင်းငါတို့ကိုဖုန်းဆက်မေးနေတာ"အမရာခေါင်းငုံ့ကာနေသည် ဘာအသံမှမထွက်ပဲ လက်ထဲက နှင်းဆီပန်းလေးကိုသာ ငုံ့ကြည့်နေမိသည်
အမရာ့အဖြေကို နှင်းဆီကပါသိချင်နေသည့်ပုံပင်"အဖြေ မရှိဘူးထင်တယ်
နွေ မမေးတော့ပါဘူးကွာ
နွေ့ရဲ့သူငယ်ချင်းအချစ်ရူးကြီးရယ်
ရူးတယ်ရူးတယ် တော်တော်ကိုရူးတယ် အမရာမောင်"
YOU ARE READING
ချစ််ရပါတယ် မနှင်းဆီ
Romanceမနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးနေပါစေ ချစ်မြတ်နိုးမိနေသည်လေ