Part 47

11.3K 552 14
                                    

"တို့ ပြင်ဦးလွင် ပြန်မယ် "

နှင်းဆီပြန်မယ်ဆိုတော့ အမရာ ငိုမဲ့မဲ့ဖြစ်လာသည်
"ဘာလို့လဲ မပြန်ရပါဘူး"

"မောင့်ဘာသာစဥ်းစားဆုံးဖြတ်လေ
မောင်ဒါတွေဆက်လုပ်နေမလား
တို့နဲ့အတူ ရှေ့ဆက်မလားဆိုတာ
တစ်ဖက်ကတို့ရဲ့မိဘမဟုတ်တောင် တို့ရဲ့ဦးလေးမောင်ရဲ့
မောင်လုပ်တယ်ဆိုတာသာ သိသွားခဲ့ရင် "

အမရာ နှင်းဆီကိုမကြည့် ကြမ်းပြင်ကိုသာကြည့်ပြီး
"အဲ့တော့... မောင့်ကိုထားခဲ့မယ်ပေါ့ဟုတ်လား
မောင်ဘာလို့ လက်စားချေရတယ်
ဘာလို့ဒီလောက်ထိလက်စားချေချင်နေရတယ်
ဒီလူတွေဘာတွေလုပ်ခဲ့တယ်ဆိုတာတောင်
မောင့်ကိုရှင်းပြခွင့်မပေးပဲ
ထားခဲ့ဖို့အရင်ဆုံးတွေးနေပြန်တာပေါ့"

"ပြော...အဲ့တာဆိုပြော ဘာလို့လဲ"

အမရာ ခေါင်းခါသည်

"မောင်က  ပထမလူမဟုတ်ခဲ့ဘူးထင်တယ်"

အမရာ ငိုချင်နေပေမဲ့ အားတင်းထားတဲ့မျက်နှာနဲ့ ပြောနေတာကို နှင်းဆီတွေ့လိုက်ရသည်
နှင်းဆီ အမရာပြောမှသိလိုက်ရတာက သူမရဲ့ချစ်သူက သူမနဲ့ပတ်မနှင်းဆီရဲ့စိတ်နှလုံးထဲမှာလို့ စိတ်အားငယ်နေပြီဆိုတာ ပါပဲ
နှင်းဆီ ဒေါသလေသံကနေ ချက်ချင်း ပြောင်းလဲသွားပြီး

"မောင်..."

အမရာ နှင်းဆီကိုစကားကိုရှေ့ဆက်ပြောဖို့ အခွင့်အရေးမပေးပါ

"မောင့်ဘက်ကနေ မတွေးကြည့်ပေးဖူးဘူး မှတ်လား
သွားပါ .... မနှင်းဆီ
မောင်နဲ့လက်တွဲဖို့တွေဝေနေတယ်ဆိုရင် သွားပါ
မောင် မတားတော့ပါဘူး "

"မဟုတ်ဖူးမောင် အဲ့လိုမဟုတ်ဘူး
မတွေဝေဘူး မောင်နဲ့လက်တွဲဖို့တို့မတွေဝေဘူး
မောင်တွေးနေသလို
မောင့်ကိုဒုတိယလူအဖြစ်ထားထားတာလဲ မဟုတ်ဘူး
အခုက တို့က မောင့်ကို ဆက်မမှားစေချင်တာ"

"မောင်က ရှေ့ဆက် ဆက်မှား​နေမှာမို့ မနှင်းဆီပြန်ပြီး
မနှင်းဆီ မောင့်ထက်ပိုပြီးကာကွယ်ချင်နေတဲ့ အဲ့လူတွေကိုမေးကြည့်လိုက်ပါ"

"မောင်!"

"သူတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ မေးကြည့်လိုက်ပါ
မောင် သေသွားရင်တောင် မောင့်ပါးစပ်က ရှင်းပြမှာမဟုတ်ဖူး
အဲ့ဒီတော့ မနှင်းဆီ ကိုယ်တိုင်သိအောင်လုပ်ပါ
အဲ့လူတွေသာ မောင့်အမေအုတ်ဂူရှေ့မှာ
ဒူးထောက်တောင်းပန်ရင် မောင်ခွင့်လွှတ်ပေးမယ်
သူတို့ဆုံးရှူံးခဲ့တာတွေ ပြန်ပေးမယ်
ဒါပေမဲ့တစ်ခုပဲ မောင့်ဘက်က အကြာကြီးတော့မစောင့်ဘူး"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now