Part 11

11.3K 767 27
                                    


"ဟေ့ယူ ဘာဖြစ်နေတာတုန်း"

နှင်းဆီ သူငယ်ချင်းခင်မေချော ဘေးနားရောက်နေသည်ကိုတောင် သတိမထားမိ

"ဘာလဲ...
ယူ့လက်တိုလက်တောင်းလေးကို ကြည့်နေတာလား"

"ချော ငါစိတ်တိုနေတာနော်"

"ယူက ဘာအကြောင်းကြောင့်စိတ်တိုရတာတုန်း
စောစောကတော့ အဲ့ကလေးကိုအော်ဟောက်နေပြီးတော့"

"တို့ပြောဖူးတယ်လေချော...
မန္တလေးမှာဖြစ်ခဲ့တဲ့ကိစ္စ
ဆေးကျောင်းက ကလေးမလေးဆိုတာ"

ခင်မေချောကကျောင်းကတည်းက နှင်းဆီတွဲလာတဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သလို လုပ်ငန်းမှာလဲ အတူတူစပ်တူလုပ်ကိုင်နေတဲ့သူမို့ သူမကိုအရာရာမကွယ်ဝှက်တမ်းပြောပြဖြစ်သည်

ချောက အံ့သြပြီး

"အိုးး အဲ့တစ်ယောက်က လက်တိုလက်တောင်းလေးလား
ထင်ပါတယ် ဒီလောက်သန့်နေတာ အလုပ်သမားတော့မဖြစ်နိုင်ပါဘူးလို့
သူက တကယ်ရောက်လာတာလား..."

"ဟုတ်တယ် အိမ်ကိုတကယ်ရောက်လာတာ
တို့လဲ ပြောပြီးသားစကားအခံရှိတော့
လက်မခံလို့မရတာနဲ့ နေခိုင်းလိုက်ရတယ်
သူတကယ်လာလိမ့်မယ် ဘယ်သူကထင်မှာလဲ"

"ချစ်စရာလေးနော်
ဒါနဲ့ လက်တိုလက်တောင်းလေးက ဟိုကလေးမနဲ့ကြည်နူးနေသလားလို့"

စိတ်တိုနေပါသည်ဆိုတဲ့ နှင်းဆီကို သူမသူငယ်ချင်းက လောင်စာထပ်ဖြည့်ပေးလိုက်ပြန်သည်

ချောကလဲ တမင်တကာကို နှင်းဆီစိတ်တိုအောင်ပြောခြင်းသာ
နှင်းဆီကိုယ်တိုင်မမြင်ရတဲ့ အရာလေးတွေကို ဘေးကကြည့်နေတဲ့ ချောကမြင်နေရသည်လေ

နှင်းဆီဖုန်းကောက်ကိုင်ပြီး အောက်ထပ် ရုံးခန်းကိုဖုန်းဆက်လိုက်သည်

"တို့နဲ့ ပါလာတဲ့ကောင်မလေးကို အပေါ်ရုံးခန်းကို တက်လာဖို့ပြောလိုက်"

"ဟုတ် မမ"

အောက်ထပ်ရုံးခန်းက ဝန်ထမ်းကချက်ချင်းဆိုသလို အမရာကိုသွားခေါ်သည်
အမရာလည်း နှင်းဆီခေါ်နေတယ်ဆိုတာကြောင် ဖူးကို နောက်မှတွေ့ကြမယ်ဟု နှုတ်ဆက်ကာ အပေါ်ကိုအမြန်တက်သွားသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now