ထိုသို့ ပြောလိုက်ကတည်းက နှင်းဆီတစ်ယောက် နေ့တိုင်းအချဉ်ပေါင်းစားတော့သည်။ အချဉ်ပေါင်းစားချင်စိတ်ကြောင့် အမရာ တစ်ယောက် မန်းရွေပြည်ရဲ့အချဉ်ပေါင်းသည်တိုင်းနဲ့ မိတ်ဆွေဖြစ်နေလေပြီ။ အမရာ့ကားလေးအိမ်ရှေ့ရပ်လိုက်တာနဲ့ နှင်းဆီတစ်ယောက် ကားထဲလှန်လှောလေပြီ။
"အမရာမောင်"
"ဗျာ့ မိန်းမရဲ့ ဘာဖြစ်လို့လဲ "
"အိမ်ပြန်လာတာ အချဉ်ပေါင်းဝယ်ခဲ့မယ်ဆို
ပါမလာပြန်ဘူးလား"ကိုယ်ဝန်ရင့်လာလေ ကလေးလေးလိုဂျစ်တိုက်လေ ဖြစ်လာတဲ့နှင်းဆီကြောင့် အခုလဲအဆူခံဖို့ပြင်ရပြန်ပါပြီ။
"မောင်ပြန်လာတာ စောနေလို့လေ
အချဉ်ပေါင်းက စောနေလို့မထွက်သေးလို့ပါ မိန်းမရယ်""မရဘူးကွာ မောင်ပိစိက စားချင်နေပြီမောင်ရဲ့ ဒီမှာမိန်းမနေလို့ကိုမရတော့ဘူး ဗိုက်ထဲကနေ တွန်းလှန်နေပြီဆန္ဒပြနေပြီ"
အမရာ နာရီကြည့်ဟန်ပြင်လိုက်ပြီး
"ကဲပါ အခုချိန်လောက်ဆိုရင်တော့ ထွက်လောက်ပြီထင်ပါတယ်မောင်ပြေးဝယ်လိုက်မယ် ခနလေးပဲစောင့်
မောင်ပိစိလေးရှိနေတာ ဒေါသမထွက်ရဘူး စိတ်လျော့နော်""မောင့်ကလေးလေးက စားချင်နေတာလို့
မိန်းမက ဘယ်တုန်းကအချဉ်ပေါင်းစားဖူးလို့လဲ"နှုတ်ခမ်းလေးတစ်စူစူနဲ့ ပြောနေတော့ အမရာတစ်ယောက်အရည်ပျော်ရပြန်သည်။ ထိုနှုတ်ခမ်းထော်ထော်လေးကိုနမ်းလိုက်ပြီး
"ချစ်လိုက်တာနော် ဟုတ်ပါပြီ မောင်သိတာပေါ့
မောင့်မိန်းမကအချဉ်ပေါင်းမှမကြိုက်တာ
အဲ့မောင်ပိစိလေးက စားချင်နေတာ မောင်သိတယ်စိတ်ချ မောင်ဝယ်ပြီးတာနဲ့ အမြန်ပြန်လာမယ်"အမရာ ကားနဲ့အမြန်မြို့ပတ်ကာ အချဉ်ပေါင်းပတ်ရှာဝယ်ရသည်။
"ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်"
အမရာသီချင်းလေးညီးကာ အချဉ်ပေါင်းသည်ရှာသည်။ကျေးဇူးတင်ရမည်ကအချဉ်ပေါင်းကိုမှ ဆိုင်ကြီးဖွင့်ကာရောင်းသည့် ဆိုင်တစ်ဆိုင်ကိုရှိနေသည်။ အမရာ ရှာဖွေတွေ့ရှိသွားလေပြီ။
YOU ARE READING
ချစ််ရပါတယ် မနှင်းဆီ
Romanceမနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးနေပါစေ ချစ်မြတ်နိုးမိနေသည်လေ