"မောင်"
"မမ"
အမရာက အံ့သြပြီး ရပ်တန့်နေပေမဲ့ နန်းကတော့ ရပ်တန့်မနေပဲ
အမရာရှိရာကို အပြေးလာပြီး အမရာ့ကိုဖက်ထားသည်
ဖက်ထားသည်မှ အမရာ့ကျောပြင်ကို တင်းကြပ်စွာထွေးပွေ့ထားသည်
အမရာ့ရဲ့ နှလုံးတည့်တည့်ကိုပါးအပ်ထားသည်လေ(အမရာမောင်
ဒါဘာလုပ်နေတာလဲ
တို့အရှေ့မှာ ဘာလို့လဲ...)"မောင်ကို သတိရနေတာ"
"မမ.. ဘယ်က ဘယ်လို"
"မောင့်ကို လွမ်းလို့လေ ကလေးရဲ့
ချောနဲ့ စကားတွေပြောဖြစ်တယ် ပြီးတော့
မောင့်ကိုတွေ့ချင်တာနဲ့ ဒီကိုလိုက်လာတာ"ချောက သူမပြဿနာရှာထားသည်မို့ အမရာကြည့်တော့ မျက်နှာလွှဲသည်
(မမချောရယ်
မနှင်းဆီအိမ်ကိုမှ ခေါ်လာရသလားလို့
မောင်တော့ သူတို့နှစ်ယောက်ကြားထဲ
သေတော့မှာပဲ )နန်းက ဖက်ထားရာက ခွာလိုက်ပြီး
အရင်အတိုင်း အမရာ့ပါးကို ကိုင်သည်"ပိန်လိုက်တာ ထမင်း မစားဘူးလား..."
"တို့ကျွေးပါတယ်
သူ့ကိုအငတ်မထားပါဘူး နန်း
အိမ်ထဲဝင်ပါဦး မတွေ့ရတာလဲကြာပြီမဟုတ်လား"လေသံက မပျော့မမှာ စကားလုံးကတော့ကြမ်းသည်
အမရာ့ကို စိတ်ဆိုးလောက်ပြီဆိုတာ မနှင်းဆီပါးစပ်ကမပြောပဲ အမရာသိနေသည်နန်းက အမရာ့လက်ကိုမလွှတ်တမ်းဆွဲကာ အိမ်ထဲလိုက်သွားသည်
လက်မလွှတ်တာမို့ နန်းခေါ်ရာကို ကလေးလေးလိုပါသွားသည် ထိုင်တော့လဲ နန်းရဲ့ဘေးနားမှာပင်နှင်းဆီရဲ့ မျက်စောင်းလှလှလေးတွေက အမရာ့ထံကိုသာ ရောက်လို့နေသည်
(မုန်းလိုက်တာနော် နန်းနားကကို မခွာတော့ဘူး
တော်တော် သာယာနေတာ)"တို့ မောင့်ဆီကနေ ချောရဲ့ဖုန်းကို ရခဲ့တာ
မောင်က နှင်းဆီလို့ပြောခဲ့ပေမဲ့ တို့သိတဲ့နှင်းဆီလို့မထင်ခဲ့တာ
မန္တလေးပြန်လာတော့ ဆီချက်လုပ်ကျွေးမှ
ချောကလဲလုပ်ကျွေးတယ်ဆိုပြီးပြောမှ တို့ရိပ်မိသွားတာ"
YOU ARE READING
ချစ််ရပါတယ် မနှင်းဆီ
Romanceမနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးနေပါစေ ချစ်မြတ်နိုးမိနေသည်လေ