Part 34

9.8K 487 13
                                    

ဒေါ်မဒီ ဖြစ်လာမဲ့အရာအားလုံးကိုသိထားပြီးသားဖြစ်သလို
အမရာ့အဒေါ်ဖြစ်သူနဲ့ သူမခင်ပွန်းတို့ရဲ့အကြောင်းကိုလဲ သိထားပြီးသားဖြစ်သည်
ထိုအကြောင်းတွေကို စသိကတည်းက သူမနှလုံးရောဂါကဆိုးလာခဲ့ခြင်းပါ

ဒီအကြောင်းတွေကိုသိရက်နဲ့ မနှင်း​ဆီကိုမှ တမ်းတမ်းစွဲ ချစ်မိနေတဲ့သမီးဖြစ်သူကိုလဲ သနားမိသည်
သူတို့နှစ်ဦးမှာအပြစ်မရှိကြတာကိုလဲ သိနေတဲ့ဒေါ်မဒီကတော့
အမရာနဲ့နှင်းဆီတို့ကို မခွဲရက်ပေ

~ဘာလဲ ဦးကျော်သီဟက ကလေးရဲ့ဖေဖေကြောင့်
သဘောမတူဘူးပြောလို့လား

အမရာ လန့်သွားသည်
သူမကအခုမှဖွင့်ပြောဖို့အားမွေးထားဆဲကို သူမအမေကကြိုသိနေသည်
အမရာတင်မဟုတ် မနှင်းဆီကပါ အံ့သြနေသည်လေ

~မေမေသိနေခဲ့တာလား

ဒေါ်မဒီက အေးဆေးတဲ့အသံနဲ့
~မေမေသိတာပေါ့ကလေးရယ်

အမရာ သူမ မိခင်ရဲ့ အခြေအနေကိုပြန်တွေးမိပြီး

~မဟုတ်မှလွဲရော
မေမေနှလုံးအခြေအနေဆိုးလာတာ မောင့်ကြောင့်လားမေမေ

~မဟုတ်ပါဘူးကလေးရယ်
မေမေ့ရောဂါက မေမေ့ကံတရားအရပါ
အဲ့လိုတွေလျှောက်မတွေးနဲ့နော်

သူမအမေ ထိုသို့အေးဆေးဖို့ ဘယ်လိုများနာကျင်ခဲ့ရသနည်း

~မောင် တောင်းပန်ပါတယ်မေမေရယ်
မောင်ဂရုမစိုက်မိဘူး
အခုကလဲ မနှင်းဆီကိုအတင်းစေ့စပ်ပေးလို့ဖြစ်သွားကြတာပါ
မောင် မဖြစ်မနေမို့လုပ်လိုက်ရတာပါ

~မေမေနားလည်ပါတယ်ကလေးရယ်
အမေ့နှင်းဆီလေးရော ဘေးနားရှိလား
မေမေ့ကိုဖုန်းပေးပါဦး

အမရာ နှင်းဆီကိုဖုန်းပေးလိုက်သည်

~ဟလိုမေမေ နှင်းဆီပါ

~သမီးလေး ဘာမှမဖြစ်နဲ့နော်
အခုအဲ့အိမ်မှာ အေးအေးဆေးဆေးနေလို့ရတယ်
မေမေတို့ကိစ္စတွေနဲ့တော့ သမီးတို့ကိုမြေစာပင်မဖြစ်စေချင်ပါဘူး
မေမေ့ဘက်က သမီးလေးမောင်နဲ့လက်တွဲသည်ဖြစ်စေ
လက်မတွဲသည်ဖြစ်စေ မေမေ့သမီးလေးလိုချစ်နေမှာ
အဲ့တော့ဘာမှမဖြစ်နဲ့နော်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now