Part 12 - A

12K 599 9
                                    

အရင်နေ့ကလို မဖြစ်ရအောင် အမရာကပေါ်မှအမြန်ဆင်းကာ တံခါးဖွင့်ပေးသည်

အမရာ မနှင်းဆီရဲ့မျက်နှာကိုမကြည့်ဖြစ်
အမရာကြည့်မိရင် ဝမ်းနည်းပြီးမျက်ရည်ကျမိမှာကြိုကာသိနေသည်

နှင်းဆီ အရင်လိုစကားတွေ ဘာမှမပြောပဲ အပေါ်သို့တန်းတက်သွားသည်

ဦးစောက အမရာ့နားကပ်လာပြီး
"အမောင် ဦးစောနဲ့ခနလိုက်ခဲ့ဦး
စပျစ်သီးဝိုင် သွားမြည်းရအောင် "

"ဟုတ်ဦးစော"

အမရာ ထိုနေရာမှာ ထိုင့်နေတာထက်စာရင် ဦးစောခေါ်သွားသည်က ပိုအဆင်ပြေသည် ဝိုင်သိုလှောင်သည့်နေရာက လှမ်းသည်မို့ ဦးစောနဲ့အမရာတို့ စပျစ်ပင်တန်းတွေကိုဖြတ်လျောက်လာကြသည် စပျစ်ပင်တန်းတွေရဲ့အဆုံးမှာ ထိုအဆောက်အဦရှိနေသည်လေ

"အမောင် မနှင်းဆီကိုချစ်လို့လာနေတာဆို ဟုတ်လား"

စန္ဒီ့လက်ချက်မှန်း အမရာသိပါသည်
သူမက ဦးစောကို ကပ်ပေါင်းစေချင်သည်လေ

"ဟုတ်ကဲ့ ဦးစော"

"ဆရာဝန်ဆိုတာရော ဟုတ်စ"

"ဟုတ် မောင်ကဆရာဝန်လောင်းတစ်ယောက်ပါ "

"မိုက်လိုက်တာ အမောင်ရယ်
ဆရာဝန်ကြီးဖြစ်အောင်အရင်လုပ်ပါဦးလား
ဘာလို့ ဒီလိုကြမ်းတမ်း ပင်ပန်းတာတွေလာလုပ်နေရတာတုန်းကွ"

"မနှင်းဆီက မောင့်ကို စာလဲလုပ်မရ
ဆရာဝန်အလုပ်ကိုလဲ ဆက်လုပ်လို့မရအောင် စိုးမိုးနေလို့လေ ဦးစောရဲ့
လက်တွေ့လဲစိတ်မရောက်
နှလုံးသာက မနှင်းဆီ မနှင်းဆီ ဆိုပြီးဖြစ်နေတော့
မလာလို့ မရတော့လို့ပါဦးစောရယ်.."

ဦးစောရဲ့ သက်ပြင်းချသံသဲ့သဲ့ကလေးကို အမရာကြားလိုက်သည် သူမဆီကအချစ်ဆိုတာရဖို့ခက်ခဲမယ်ဆိုတာ သိပေမဲ့ ကြိုးစားကြည့်ချင်သေးသည်

~Bzz Bzz
ဖုန်း message ဝင်လာတာမို့ အမရာကြည့်လိုက်သည်

အရင်ကမှတ်ထားသည် မမ ဆိုသည့်နာမ်စားလေး
မနှင်းဆီပင်

*ဘယ်မှာလဲ တို့ကိုမပြောပဲဘယ်သွားတာလဲ

အမရာ အမြန်ဖုန်းခေါ်လိုက်သည်
~ဟလို

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now