Part 33

10.6K 493 17
                                    

"တကယ်လား
တကယ်ခွင့်ပြုတာလား"

"ဟာ မောင်ရယ် ဘာဖြစ်​နေတာတုန်း...
ရှက်ပါတယ်ဆို"
နှင်းဆီ ရှက်ရှက်နဲ့ပြန်ပြောတော့ အမရာရယ်သည်

"ဘာရယ်တာလဲ မရယ်နဲ့"

"ချစ်လို့ပါနော် ရှက်နေတာလေးကိုချစ်လို့ မနှင်းဆီရယ်"
နှင်းဆီငြိမ်သက်နေတော် အမရာ ဘာမှဆက်မပြောတော့ပါ
အချစ်တွေကို အနမ်းတွေနဲ့သာသက်သေပြပါမည်

အမရာ နှင်းဆီရဲ့နှုတ်ခမ်း​​​လေးကို ထပ်ကာနမ်းသည်
အနမ်းတွေပေးရင်း ညအိပ်ဝတ်စုံလေးက ကြယ်သီးလေးတွေကို တစ်လုံးခြင်းဖြုတ်ပစ်နေသည့်အမရာ ဒီလောကီတစ်ခွင်မှာ သူမတစ်​ယောက်တည်းသာ အလုပ်ရှုပ်နေသလို

ကြယ်သီးလေးတွေ အားလုံးအပြည့်အစုံပွင့်ဟသွားတော့ အမရာနှင်းဆီပန်း​​လေးမှ ပွင့်ဖက်ကလေးကိုချွေသလို ချစ်သူရဲ့ညအိပ်ဝတ်စုံလေးကို အသာအယာဆွဲကာလှန်လိုက်သည်

သိပ်လှသည့်မြင်ကွင်းလေးမို့ ဒီတစ်သတ်မေ့ပျောက်မည်မထင်
အရင်ဆုံး အမရာ မြင်ရသည်က သူမရဲ့ အပြစ်အနာအဆာမရှိချောမွတ်နေတဲ့ ပုခုံးသားလေးပါ
တဖြေးဖြေး အကြည့်တို့ကိုရွေ့လျားလိုက်တော့

"မောင့်"

"ဘာများလဲ မနှင်းဆီရယ်..."

"အဲ့လိုစိုက်မကြည့်နဲ့လေကွာ
ဘယ်လိုနေရတော့မလဲ"

"လှလို့ ...ဆွဲဆောင်မှုကအပြည့်အဝပဲ
လှလို့ကြည့်တာပဲကို ဘာလို့တွန့်တိုနေတာတုန်း"

နှင်းဆီ သူမရဲ့လက်တစ်ဖက်နဲ့ လက်ပိုက်လိုက်ကာ အမရာစိုက်​ကြည့်​နေတဲ့ မြင်ကွင်းကိုပျောက်စေသည်

"တို့လှတာ သိပေမဲ့အဲ့လိုကြီး ကြည့်နေတော့ ကျွန်မကဒုက္ခလှလှတွေ့ပြီပေါ့ အမရာမောင်ရဲ့"

သူမရှက်နေတာသိလို့ အမရာစောင်ယူကာ သူမတို့နှစ်ဦးလုံးရဲ့ ကိုယ်​ပေါ် လွှမ်း​ခြုံလိုက်သည်

"ဒီလိုဆိုရင်ရော ရှက်သေးလား"

အရှက်ပြေစေဖို့ဆိုပေမဲ့ သူမရည်ရွယ်ချက်ကို အပျက်မခံပါ
မနှင်းဆီကို တစ်စောင်းအနေအထားကနေ ပက်လက်အနေအထားဖြစ်အောင်တွန်းပို့ပြီး မနှင်းဆီရဲ့ကိုယ်ပေါ်ကိုအမရာအုပ်မိုးလိုက်သည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now