part 2

15.7K 704 1
                                    

(လှလိုက်တာ လှရက်လိုက်တာ
လှသည်ထက် ကျက်သရေရှိသည်)

တစ်လောကလုံး သူမတစ်ယောက်ထဲသာ ရှိတော့သလိုပင်

"ဒီမှာ"

ထိုမိန်းကလေးက အမရာထက်အသက်​ကြီးမည့်ပုံမြန်မာဆန်ဆန်ရင်ဖုံးလေးကိုမှ အဝါရောင်လေးဝတ်ထားသည် ထိုရင်ဖုံးတွင် ရောင်စုံပန်းပွင့်က​လေးများကို ရွှေချည်ထိုး​ဖြင့်ပုံ​ဖော်ထားသည်

ထိုမိန်းကလေးက အသားမဖြူပါ ညိုလဲမညို
သို့သော်... လှသည်
မျက်ခုံးလေးက ဇင်ယော်ငှက်လေးပျံနေသည့်နှယ်
မျက်စံနက်နက်လေးနဲ့ ထက်မြတ်သည့်မျက်လုံးသဖွယ်ရှိသည် နှုတ်ခမ်းက အပေါ်နှုတ်ခမ်းပါးလေးနှင့် အောက်နှုတ်ခမ်းလေးကတော့ မထူမပါး​လေး ပြန်ရန်တွေ့တတ်မည်ပုံစံမျိုးလေးပင်
ခန္ဓာကိုယ်အချိုးအစားကတော့ ပြောစရာမရှိ မဟာဆန်ဆန်လှသည်

ကြည့်လိုက်တဲ့တစ်ခဏအတွင်းကို အစိတ်အပိုင်းတစ်ခုချင်းစီကို
အမရာ ကြည့်မိသည်

အမရာဟာ ဆေးကျောင်းသူတစ်ယောက်ပါ
အမရာ့ နှလုံးခုန်သံကို ရောဂါတစ်မျိုးနှင့် ပုံဖော်မိသည်
နှလုံး​သွေးကြောကျဥ်းရောဂါဖြစ်နေသည့် ရောဂါသည်တစ်ဦးလိုပင်
နှလုံးခုန်နေသည်မှာ မြန်လွန်းလှသည် ပုံမှန်လူတစ်ဦးအနေနဲ့ တစ်မိနစ်ကို နှလုံးခုန်နှုန်းက အကြိမ် ၆၀ ကနေ ၁၀၀ အတွင်း ရှိရသည် အမရာကတော့ အဲ့ထက်ကို ပိုနေခဲ့သည်

"ဒီမှာလို့ "

"ဒီမှာ အမရာဆိုတဲ့တစ်ယောက်"

သူမ အမရာ့နာမည်ခေါ်လိုက်မှပင် ရောဂါသည်တစ်ဦးထက်ပင် နှလုံးခုန်မြန်လာသည်

"ဒီမှာ "

"ဟို ဟုတ်"

"မင်းကလဲ ခေါ်ရခက်လိုက်တာ "

"သြော် sorry ပါနော် "

"တို့ကို နှင်းဆီပန်း တစ်ဝက်ခွဲပေးပါလား တို့လိုချင်လို့"

တို့လို့ပြောသည် သေချာပါသည် သူမက မန္တလေးသူစစ်စစ်မဟုတ်လောက်ပါ မန္တလေးသူ စစ်စစ်ဆိုလျှင် ကျွန်တော်ကျွန်တော်နှင့် နားထဲတွင် ​နားထောင်ရခက်လှသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now