27

10.9K 498 18
                                    


"မောင်စိတ်မထိန်းနိုင်ဖြစ်တော့မယ်"

နှင်းဆီ အမရာ့နှလုံးသားကိုပါးလေးအပ်ထားရာကနေ အမရာ့လည်တိုင်လေးကိုနမ်းသည် အမရာတစ်ယောက် အနမ်းခံလိုက်ရတော့ အသက်တောင်မရှူရဲ
နောက်ရင်ခွင်ထဲကနေ ခေါင်းကလေးမော်ကြည့်ကာ မနှင်းဆီပြောလာသည်က

"မထိန်းနဲ့ တို့ကိုနမ်း.."

ထိုသို့ပြောတဲ့ သူမမျက်နှာလေးက အမရာ့အနမ်းကို တကယ်တောင့်တနေသလို
အမရာ သူမနှုတ်ခမ်းလေးကို သေချာစိုက်ကြည့်ပြီး စိတ်မထိန်းထားတော့

"ချစ်တယ် မနှင်းဆီရယ်"

"တို့စောင့်နေတယ်လေမောင်ရယ်
ပြီးတော့ မောင့်ရဲ့အရှုံးအတွက် မနှင်းဆီကို အပိုင်ပေးတယ်လို့ပြောထားတယ်လေ မောင်စိတ်ထိန်းစရာမလိုဘူး"

အမရာ မော်ကြည့်ကာ​ပြောနေတဲ့သူမရဲ့ နှုတ်ခမ်း​လေးကို တပ်မက်စွာနမ်းမိသည်
ထိုအခါ အမရာ့ခါးလေးကိုပြန်ကာ ဖက်တွယ်လာတဲ့သူမ
တင်းကြပ်နေအောင်ဖက်ထားခြင်းပါ အမရာလွတ်ထွက်သွားမှာကြောက်နေသလို တင်းကြပ်နေအောင်ဖက်ထားသည်
အကြင်နာအနမ်းတို့ပေးရင်း အမရာသူမနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားသည်

မနှင်းဆီက အမရာ့အတွက်တော့ နွယ်ပင်လေးလိုပါပဲ
ကြာလေ ရစ်ပတ်လာလေ
အမရာ မနှင်းဆီရဲ့ပါးရိုးလေးကိုကိုင်ကာ ပို၍နမ်းမိသည်
တပ်မက်မှုများစွာနဲ့ပေါ့
လူသားတွေရှင်သန်ဖို့ အောက်ဆီဂျင်ဆိုတာလိုအပ်သလို
နှင်းဆီဆိုတဲ့ပန်းကလေး ရှင်သန်ဖို့ အမရာ့ရဲ့အ​ကြင်အနမ်းကို လိုအပ်သည်

အသက်ရှူဖို့နဲ့မောပမ်းမှုကိုဖြေဖို့လိုလာတော့ အမရာ ပေးလက်စအနမ်းတို့ကနေ ရပ်နားလိုက်သည်

သူမတင်မဟုတ် မောဟိုက်နေတဲ့နှင်းဆီကိုကြည့်ပြီး
မနှင်းဆီလဲ Oxygen လိုအပ်နေပြီဆိုတာ အမရာသိသည်
သူမရဲ့မြန်လွန်းတဲ့အသက်ရှူနှုန်းနဲ့ မောဟိုက်ခြင်းကြောင့် ဝင်သက်ထွက်သက်​လေလေးက အမရာ့ထံသို့ ရိုက်ခတ်နေသည်

အမရာ ခေါင်းငုံ့ကာ သူမလည်တိုင်နုနုလေးကို နမ်းမိပြန်သည်
ထိုနေရာလေးကို ချစ်လွန်းလို့လေ အမရာ့ကိုအရမ်းဆွဲဆောင်တဲ့သူမရဲ့အစိတ်အပိုင်းလေးတစ်ခုပေါ့
လည်တိုင်​လေးကရတဲ့ သူမရဲ့အမွှေးနံ့လေးကို ချစ်လွန်းလို့လေ
လည်တိုင်လေးကို အဝနမ်းပြီး အမရာ ရပ်တန့်လိုက်တော့

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now