Part 3

12.8K 616 9
                                    

ကျောင်းပိတ်သော်လည်း စာတူတူလုပ်ရအောင်ဟုဆိုကာ ကျောင်းကန်တင်းက ခုံတန်းရှည်မှာ သူငယ်ချင်းသုံးယောက် ဆုံဖြစ်ကြသည်

"အဲ့တော့ နှစ်ပတ်လုံးလုံးသွားစောင့်တာတောင်
အဲ့မမကို မတွေ့ဘူးပေါ့ဟုတ်လား"

စိတ်ပျက်လက်ပျက် စားပွဲခုံပေါ်မှောက်ရက်လှဲနေတဲ့အမရာမောင်သူငယ်ချင်းဖြစ်သူ လမင်းအိမ်ရဲ့စကားကြောင့် ပိုလို့ဝမ်းနည်းမိသည်

"ဟုတ်ပ အိမ်အိမ်ရာ
ငါ လွမ်းနေသလိုခံစားနေရပြီ အရမ်းတွေ့ချင်နေတယ်
လွမ်းဖျားလွမ်းနာကျတယ်ဆိုတာ ဒါကိုပြောတာလားပဲ
ငါ တကယ်ချစ်မိသွားတာထင်တယ်
မဟုတ်ဖူး ထင်တာမဟုတ်ဖူး တကယ်ချစ်တာ"

"ဒါနဲ့ သူက ဒီနယ်ကမဟုတ်လို့ သူ့နယ််သူပြန်သွားတာဆိုရင်ရော"

"အိမ်အိမ် နင်ကလေ ဟိုကဝမ်းနည်းနေပါတယ်ဆို
အပိုင်းတစ် ဇာတ်သိမ်းပိုင်းလုပ်နေပြန်ပါပြီ"

နွေဦးက လမင်းအိမ်ကို လှမ်းဟန့်သည်

"တွေ့ချင်တယ် အရမ်းအရမ်းတွေ့ချင်တာ
ငါစိတ်ဓာတ်မကျဘူးဟာ နေ့တိုင်းသွားရှာဦးမှာ
ငါရဲ့ဇွဲကောင်းမှုကိုတော့ ပြန်ကြည့်ရှုစောင့်ရှောက်ကောင်းပါရဲ့"

တကယ်ပဲ ဇွဲဆုပေးခြင်းခံလိုက်ရပါသည့်အမရာ

သုံးပတ်မြောက်မှာတော့ ..
အမရာကားပေါ်မှာစောင့်​နေရင်း ထိုအမျိုးသမီးလေးကို တွေ့လိုက်သည်

"အိုး!
တွေ့ပြီ ... တွေ့ပြီကွ"

ကားဘေးမှ ဖြတ်သွားသူတစ်ယောက်က လန့်သွားတာမို့ အမရာကို ဘုကြည့်ကြည့်သွားသည် အမရာ ထိုလူကို ဂရုမစိုက်အားပါ
ဆက်၍သာအော်ဟစ်နေသည်

"သူ မှ သူစစ်စစ်
Yes.. Yes.. Yes...."
အမရာတစ်ယောက်ထဲ အရူးလိုပင်ပျော်ရွှင်နေသည်

အမရာ ကြည့်နေရင်း သက်ပြင်းချမိသည်
"ဟင်း.... လှလိုက်တာ ငါ့ရဲ့မိန်းကလေးရယ် "

ကားထဲတွင်တစ်ယောက်ထဲစကားပြောနေသည့် အမရာကို ဘေးမှဖြတ်သွားသူများမှ လှည့်ကြည့်လှည့်​ကြည့် လုပ်နေကြတော့သည်

အမရာ ဖုန်းထုတ်ကာ ချက်ချင်းဆိုသလို သူမ စျေးထဲမှထွက်လာသည့်ပုံလေးတွေကို အမိအရရိုက်ယူထားလိုက်သည်
ရိုက်နေရင်း ကားပေါ်တက်သွားကြသည်မို့
ချက်ချင်းကားစက်နှိုးကာ လိုက်ရပြန်သည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now