Part 20

14K 602 19
                                    

"ဘာလဲ တို့ကိုချစ်မိတာ နောင်တရနေတာလား"

( ဒါမှမဟုတ် နန်းကိုများတမ်းတနေတာလား မောင်)

အမရာ နှင်းဆီအသံကြားတော့ အတွေးလွန်နေရာက နိုးထလာသည်

"မောင့်ဘဝမှာ မောင့်လုပ်ရပ်တိုင်းက နောင်တဆိုတာမရှိခဲ့ဘူး
နောင်လဲရှိလာမှာမဟုတ်ဘူး
မောင့်သူငယ်ချင်းတွေကို ပြောဖူးတဲ့စကားလေးရှိတယ်"

"ဘာများလဲ..."

"မနှင်းဆီဆိုတာ...
မောင် ကိုယ်တိုင်မီးခွက်ထွန်းပြီးလိုက်ရှာထားတဲ့ ပြဿနာလှလှလေးလိို့လေ
မောင့်ဘက်က မောင့်နှလုံးသားကိုယုံတဲ့အတွက် နောင်တဆိုတာရှိလာမှာမဟုတ်ဖူး"

အမရာ သူမရှိရာထသွားလိုက်ပြီး သူမကိုတင်း​​ကြပ်စွာဖက်ထားလိုက်သည်
နောက်....

"မောင့်နှလုံးသားလေး ပင်ပန်းနေပြီ
မောင့်ကို ပြန်ချစ်ပါတော့လား မနှင်းဆီရယ်"

ထိုအခါ အမရာ့ကျောပြင်ကို ပြန်လည်ပွေ့ဖက်လာတဲ့သူမ
အမရာ့ရင်ခွင်ထဲတိုးဝင်လို့လာတဲ့သူမ
ရူးသွပ်တယ်လို့ပြောမရလား
သူမထိုသို့တုံ့ပြန်လာတော့ ...အမရာ့နှလုံးသားလေးရူးမတတ်ပင်

အမရာ့ရင်ခွင်ထဲရောက်နေတဲ့မနှင်းဆီ  ခပ်​ကြမ်းကြမ်းခုန်နေတဲ့ အမရာ့နှလုံးခုန်သံ​လေးကို သူမကြားလောက်ပါပြီ

"ချစ်တယ်...
မောင့်ကို ချစ်တယ်"

သူမ တုံ့ပြန်လာတဲ့အသံတိုးတိုးလေးကိုနားထောင်ပြီး
အမရာ စုံရပ်ထားတဲ့ ခြေထောက်နှစ်ဖက် ပျော့ခွေကျမသွားအောင် မနည်းထိန်းယူထားရသည်
သူမနှုတ်ခမ်းဖျားက 'ချစ်သည်´တဲ့
အမရာ့ကို 'ချစ်သည်´ တဲ့လေ

"မောင့်ကို အဖြေပြန်ပေးလိုက်တာလား မနှင်းဆီ"

သူမ အမရာ့ရင်ခွင်ထဲကနေ ပြန်တွန်းထွက်သည်

"မကြားလိုက်ဘူးလား
တို့က BBC တစ်ကြိမ်တစ်ခါပဲလွှင့်သည်
မကြားရင်တော့ မသိ"

"ဟင့်အင်း~ မောင်ကြားလိုက်တာပေါ့ မနှင်းဆီရယ်
မောင်လဲကြားတယ်....
မနှင်းဆီပါးလေးအပ်ထားတဲ့ မောင့်နှလုံးသားလေးကလဲကြားပါတယ်တဲ့"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now