Part 9

10.5K 543 12
                                    

အမရာ နှင်းဆီပြန်ခါနီးအထိ အတူထည့်ထားတဲ့ နှင်းဆီပန်းပင်လေးတွေကို သွားပေးခဲ့ပါသေးသည်

"ပန်းလေးတွေမှာ ဘာအပြစ်ရှိလို့လဲမမရယ်"

"မင်းရဲ့ပန်းဖြစ်နေလို့ကို အပြစ်ရှိတာ"

"ဘာဆိုင်လို့လဲ အပြစ်လုပ်ထားထာကမောင်လေ
ဒီနှင်းဆီပင်လေးတွေမှ မဟုတ်တာ"

"မလိုချင်ဘူး အမရာ
ပြန်ယူသွား"

အသံအနေအထားကအစ မာကျောလို့နေပါသည်
အရင်က သူမ မဟုတ်တော့ပေ

~~~~~~~~~~

အမရာ ကျောင်းသို့သွားနေရပေမဲ့ စိတ်မပါ

"Blackကော်ဖီ ခါးခါးလေးတစ်ခွက်လောက်"

"ဘာလို့ Black ကော်ဖီလဲ
အဲ့လောက်ခါးတာမကြိုက်ဘူးမှတ်လား"

ကော်ဖီရောက်လာတော့ အမရာတစ်ငုံသောက်လိုက်သည်
ကော်ဖီခါးခါးကို အပြုံးမပျက်သောက်နေတာမို့ နွေကလုသောက်မိသည်

#ဖွီးးးး

"ခါးလိုက်တာမောင်ရယ် သည်းခြေတွေလဲထိနေပါ့မယ်"

"နင်ဘာသိလို့လဲ နွေရယ် ..
ငါ့အပေါ်ထားတဲ့ သူ့အချစ်လောက်မခါးဖူးဟ"

"အသည်းကွဲရင်လဲ အရက်သောက်ပါလား မောင်
နင့်ကြည့်ရတာ ငါတော်တော်လေလွင့်နေပြီ"

"အသည်းကွဲတိုင်း အရက်သောက်စရာလား ဆေးလိပ်သောက်စရာလား အဲ့ပျော့ညံ့တဲ့သူတွေလုပ်တာ ငါမလုပ်ဘူး
ငါက သူပြန်ချစ်လာအောင်ပဲ ကြိုးစားမှာ
ငါသိတယ်ငါသိနေတယ် ငါတို့နှစ်ယောက်ကြားမှာ ပြောမပြနိုင်တဲ့အရာလေးတွေရှိခဲ့တယ် ငါအသုံးမကျလို့သာဒီလိုတွေဖြစ်လာတာ"

အမရာပြောရင်း နှုတ်ခမ်းလေးကိုကိုင်ကြည့်မိသေးသည်
စိတ်မထိန်းနိုင်ပဲ နမ်းလိုက်ရာကစခဲ့တဲ့ ​မီး... ဘယ်လိုငြိမ်းသတ်ရပါမည်နည်း

"ငါဆုံးဖြတ်ပြီးပြီ ဆုံးဖြတ်ချက်တစ်ခုချပြီးပြီ
သူရှိရာကိုလိုက်သွားမယ် သူ့အချစ်ကို မရရအောင်ယူမှာ
ငါ့အကြောင်းသိတယ်မှတ်လား"

"နင့်အကြောင်းလဲ သိတယ်
နင့် မမနှင်းဆီအကြောင်းလဲ ငါသိတယ်
နင့်ကို တစ်စက်ကလေးတောင် လှည့်ကြည့်မသွားဘူးလေ
ပြတ်သားလိုက်တာလဲ လွန်ရော
မနှင်းဆီဆိုပြီး သတင်းမွှေးတာလဲ မပြောနဲ့
တကယ်ရက်စက်တဲ့ မိန်းမ"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now