Part 10

11.1K 554 9
                                    

ချစ်ရပါတယ် မနှင်းဆီ
Part 10

"မမောင်
စောင်တွေခြင်ထောင်မပါဘူးမှတ်လား
စန္ဒီယူလာပေးတာ
ဒီည စန္ဒီက ကြီးတင် နဲ့အိပ်လိုက်မယ်
မနက်ဖြန်ကျတော့ အသစ်ဝယ်လာခဲ့ပေးမယ်"

"ကျေးဇူးပါပဲ စန္ဒီ .....
မနက် စျေးသွားမှာလား မောင်လဲ လိုက်ခဲ့မယ်လေ
ဘာမှသုံးဖို့မပါလာတော့ အကုန်ဝယ်ရတော့မယ်"

"စန္ဒီတို့နဲ့ အိမ်ကြီးထဲလိုက်နေရရင်ကောင်းမယ်နော်
အခန်းတွေအများကြီးရှိတာကို မမောင်ကိုပေးမနေဘူး
မမလေးက တကယ်ရက်စက်တာ သိလား..."

"ရက်စက်ပါစေ စန္ဒီရယ်
ဒါနဲ့ စန္ဒီ မောင်ကမိန်းကလေးတစ်​ယောက်ကို
ချစ်ကြိုက်နေတာ ဘာမှမဖြစ်ဘူးလား"

"စန္ဒီ့ဘဝပေးကြောင့် မမလေးတို့အိမ်မှာ အလုပ်လုပ်နေရတာဆိုပေမဲ့
  စန္ဒီက  ပါနော်ခေတ်မီတဲ့လူငယ်တစ်ယောက်ပါနော်
စိတ်ထဲ ဘာမှမရှိဘူး စန္ဒီကမမောင်ကို စိတ်ပူတာ
မမလေးက နည်းနည်းကြောက်ဖို့ကောင်းတဲ့ မိန်းမလေ "

ထိုအချိန် ခွေးအူသံ ထွက်ပေါ်လာသည်
အမရာလန့်ပြီး
~ shit...

"ခွေး..ခွေးအူနေတာလား"

"အဲ့ခွေးက အမြဲအူတတ်တယ်
မမောင်ကြောက်လို့လား ဒုက္ခပါပဲ ညရေးညတာ ..အဖော်လဲမရှိဘူး
စန္ဒီမမလေးကို ပြောလိုက်မယ် အိမ်ကြီးမှာပဲနေပါတော့"

"မ ...မကြောက်ပါဘူး
ရတယ် စန္ဒီ မမကိုမပြောနဲ့ "

တကယ်က အမရာ ကြောက်ပါသည်
ကြောက်တာမှ တုန်နေအောင်ကြောက်တာပါ
ခွေးကိုမကြောက်ပေမဲ့
အခုလို ညဘက်ကြီး ခွေးအူသံထွက်လာတာကိုတော့ ကြောက်သည်

နေသားကျသွားမှာပါဆိုတဲ့ အတွေးနဲ့ ဆက်နေရမည်

"ကဲပါ စန္ဒီပြန်နားတော့လေ
မနက်စျေးသွားရင် အော်လိုက်နော်"

"ဟုတ်ဟုတ် "

စန္ဒီသွားတာနဲ့ အမရာ အိမ်တံခါးဂျက်များထိုးသည်
စန္ဒီလာပေးတဲ့ ပစ္စည်းတွေကိုကြည့်ပြီး ဒီတစ်ညအိပ်ဖို့ အမြန်ဖြေရှင်းရသည်

အမရာ ခြင်ထောင်ထောင်ပြီး မကြာလိုက်ပါ မီးပျက်သွားလေသည် တစ်ယောက်ထဲဖြစ်နေတာကတစ်ကြောင်း မီးပျက်တာကတစ်ကြောင်းမို့ မှောင်မဲတိတ်ဆိတ်နေတဲ့ ဒီနေရာ​ကြီးက ကြောက်ဖို့ကောင်းလှသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now