Part 12 - B

11.1K 594 5
                                    

"မင်းရေကူးတတ်လား "

အမရာခေါင်းခါကာ
"မကူးတတ်ဘူး "

အမရာ ရေမကူးတတ်ပါ
ငယ်စဥ်ထဲက ရေနစ်ဖူးတဲ့​ဖြစ်ရပ်ကြောင့် ရေကြောက်ပါသည် အကြိမ်ကြိမ်သင်ဖူးပေမဲ့ ရေကူးမတတ်ပဲကြောက်စိတ်သာပိုခဲ့သည်

အမရာ နှင်းဆီဘာတွေးနေလဲ ကောင်းကောင်းသိသည်

"ဟိုး ကန်ရဲ့အလည်ကိုကြည့်လိုက် ကြာပွင့်လေးတွေ့လား
အဲ့ကြာပွင့် တို့လိုချင်တယ် ခူးပေး"

ထင်ထားသည့်အတိုင်းပင် ရေလည်ခေါင်မှ တစ်ပွင့်တည်းသော ခရမ်းရောင်ကြာပန်းလေးကိုမှ လိုချင်သည့်တဲ့

"ပြောတော့..
နှင်းဆီပဲကြိုက်တာဆို မနှင်းဆီရဲ့"

"မင်းကအရမ်းစကားများတာပဲ တို့လဲလူသားပဲ
လူသားကိုမှ မိန်းကလေး ဘယ်ပန်းဖြစ်ဖြစ်တို့ကြိုက်လို့ရတယ်လေ
အရင်ကနှင်းဆီကြိုက်တာ အခုတို့စိတ်ပြောင်းသွားလို့ပေါ့
ထားလိုက်ပါ..
မင်းရေမကူးတတ်ဘူးမှတ်လား "

ငါ့ခွင်ထဲရောက်ပြီဆိုတဲ့ အပြုံးမျိုးနဲ့ နှင်းဆီရဲ့လေသံက ရေမကူးတတ်တဲ့အမရာ့ကိုလှောင်နေသလို
အမရာလုပ်လို့မရသည့်အရာကိုမှ ခိုင်းတာလဲသိသည်

အမရာ့ဘဝမှာ အရှုံးဆိုတာမရှိခဲ့
သူမနဲ့မှသာ အမြဲအရှုံးပေးနေရပါသည်လား

အမရာ ကန်ရေကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ စီးစရာလှေနဲ့တူတာမရှိ

"ထားလိုက်ပါတော့"

ဒီတစ်ခါတော့ လေသံအေးအေးနဲ့သာပြောလာသည့် နှင်းဆီ
သို့သော် အမရာကတော့ အရှုံးမပေးပါ
သူမလိုချင်သည်ဆိုတဲ့အရာကို ရအောင်ယူ​ပေးပါမည်

အမရာ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ရေကန်နဘေးမှ ထိုင်ခုံတန်းလေးပေါ်တင်လိုက်သည် နာရီကိုလဲချွတ်ကာ ဖုန်းနည်းတင်လိုက်ပြီး ကန်အစပ်တွင် ရပ်လိုက်သည်

"တို့ထားလိုက်တော့လို့ ပြောနေတယ်လေ"

အမရာ နားမထောင် ကန်အစပ်တွင် ငြိမ်နေသည်
ငြိမ်နေခြင်းမဟုတ် အမရာ့ စိတ်ထဲတွင်စကားတချို့ပြောနေခြင်းသာ

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now