Part 42

13.9K 584 26
                                    


~အလုပ်တွေပြီးရင် မြန်မြန်လာပါတော့လားမနှင်းဆီရယ်
မောင်လာခေါ်ရမလား ဟင်

~မလာရဘူးမောင်

နှင်းဆီရဲ့ တစ်ချက်လွှတ်အမိန့်ပါလေ
သို့ပေမဲ့လည်း အမရာလာချင်သည် ချစ်သူ မျက်နှာလေးတွေ့ချင်သည်
အမရာမှ သွားမခေါ်ရင်လည်း တွေ့ရဖို့မမြင်

~မောင့်အမျိုးသမီးလေးကလဲ

~မောင် ပြောရမခက်နဲ့နော်
မောင့်ကို သွားရလာရခက်မှာစိုးလို့ ကားပြန်မောင်းဖို့ခွင့်ပြုထားတာ
ဒီကိုလာဖို့တော့ခွင့်မပြုနိုင်ဘူး

အမရာ ဖုန်းဆက်ကာ နှင်းဆီကို လာကြိုမယ်တစ်ကဲကဲလုပ်နေတော့ နှင်းဆီဟောက်ကပြန်သည်

~အခုက အသက်မပါတဲ့ Auto ကားကြီးမောင်းနေရတာလေ
အန္တရာယ်မရှိပါဘူး
ဘာမှလဲ လုပ်လို့မရပါဘူးမနှင်းဆီရယ်
မောင်ဖြေးဖြေးလေးပဲ​လေးပဲမောင်းမယ်လေ
ဖြေးဖြေးလေး.... မောင်းပြီး လာခဲ့ပါ့မယ်
မောင်က လာကြိုယုံလေးကို နော် ....နော်လို့

နှင်းဆီ ဘယ်လိုမှတားမရတော့တာမို့ ခိုးလာတာကိုဆူရမဲ့အစား ခွင့်ပြုပေးလိုက်ရသည်
တကယ်က အမရာ နန်းရှိရာ ကနေဒါမှာ ကျောင်းဆက်တက်ဖို့ အားလုံးပြင်ဆင်ပြီးလေပြီ အချိန်မကျသေးလို့သာနေခဲ့ရပြီး
နန်းကတော့သူမကျောင်းတက်ချိန်ကျလာပြီမို့ အမရာ့ကိုနောက်မှလိုက်လာစေဖို့ ပြောကာထွက်သွားလေပြီ

မြန်မာနိုင်ငံမှာ ရှိတုန်းလေး ချစ်သူနားကပ်ချွဲချင်တာမို့ အမရာ မရရအောင် အနားကပ်နေရမည်

နှင်းဆီ အလုပ်ပြန်လုပ်ကတည်းက အမရာ့ကို ပစ်ထားတာမို့
နှင်းဆီအနားနေရဖို့အရေး အမရာတွေးကြံလေသည်

~ဒေါက် ဒေါက်

တံခါးခေါက်သံနှင့်အတူ

"မောင်ရောက်ပါပြီဗျ မောင့်အမျိုးသမီးလေးရေ"

အမရာအထဲကိုကြည့်လိုက်တော့အထဲတွင်ကား ချောရှိမနေပါပဲ နှင်းဆီနဲ့အတူ နေလင်းရှိနေခဲ့သည်

"မောင်"

ထိုမြင်ကွင်းကြောင်ဘ အမရာပေါက်ကွဲပြန်ရပါပြီ

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now