"မမကို မောင့်အိမ်ကိုခေါ်သွားချင်သေးတာ
အချိန်လဲ မရတော့ဘူးနော်"
အမရာ နှင်းဆီပန်းလေးတွေပြချင်ပါသေးသည်"ဟင် ဒီနေ့ အချိန်ရတာပဲကို မမတို့က သန်ဘက်ခါမှပြန်မှာလေ ဒီနေ့လိုက်ခဲ့မယ် ရလား ..."
"အဲ့လိုဆို လိုက်ခဲ့လေ
ဟိုမေမေနဲ့ဖွားဖွားတော့ အိမ်မှာ မရှိကြဘူး
မေမေ့အသိမိတ်ဆွေရဲ့ အဖေဆုံးလို့တဲ့ အဲ့တာအင်အားဖြည့်သွားကြတယ် ဖွားဖွားရဲ့သူငယ်ချင်းလို့လဲပြောတယ် ""ဟုတ်လား
မမက မောင့်မေမေကို တွေ့ချင်နေတာ"အထူးအဆန်းမို့ မေးခွန်းပြန်ထုတ်မိသူက အမရာ
"ဟင် ဘာလို့တုန်း""မောင့်ကိုမွေးပေးထားတဲ့ မေမေမို့လေ
တွေ့ဖူးချင်တာ "
အလိမ္မာလေးအသွက်လေးရဲ့မိခင်မို့ မြင်ဖူးချင်သည်နှင်းဆီက ချက်ချင်းဆိုသလို အမရာ့အိမ်လိုက်ကာ ညအိမ်မည့်အကြောင်း အဖွားကို ခွင့်တောင်းပြီးလိုက်လာသည်
~~~~~~~~~~
အမရာတို့ ခြံလေးထဲရောက်တာနဲ့ နှင်းဆီရဲ့မျက်ဝန်းတို့က ခြံထဲက နှင်းဆီပင်များထံမှာပင် ရှိနေလေသည်
အမရာ ကားတံခါးဖွင့်ပေးဖို့ ဆင်းလိုက်ပေမဲ့ နှင်းဆီက အောက်ရောက်လို့နေသည်
"မောင်ရယ် ခြံလေးက ပန်းလေးတွေနဲ့ လှလိုက်တာ
နှင်းဆီပန်းတွေက အရောင်စုံပဲ
မမလေ အိမ်မှာ နှင်းဆီပန်းလေးတွေစိုက်ဖို့ လူသပ်သပ်ငှားထားတာ ဒါတောင် ဒီလိုပန်းလေးတွေမရဘူး""လာ မောင်လိုက်ပြမယ် မမ "
အမရာ နှင်းဆီလက်ကိုဆွဲကာ အိမ်ရဲ့အနောက်ဘက်ခြမ်းကိုခေါ်သွားသည် ခန္ဓာကိုယ်သေးသွယ်တဲ့နှင်းဆီက အမရာ့ဆွဲခေါ်ရာနောက်ကို ပါသွားလေသည်အမရာက အိမ်ရဲ့အနောက်ဘက်ခြမ်းမှာ ပိုလှသည်မို့လေ
ခေါ်လာခြင်းပင်"ဒီမှာကြည့်... "
"အိုးး တကယ်လှတာ
ဘယ်လိုတွေများစိုက်ထားတာလဲ နည်းလမ်းတွေရှိတာလား
လျှို့ဝှက်ချက်ရှိရင် ပြောပါဦး""လျှို့ဝှက်ချက်က မောင်လေ မမရဲ့"
အမရာက ရွှတ်နောက်နောက်ပြောလိုက်တာကြောင့် နှင်းဆီကမယုံသလိုပင်
YOU ARE READING
ချစ််ရပါတယ် မနှင်းဆီ
Romanceမနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးနေပါစေ ချစ်မြတ်နိုးမိနေသည်လေ