Part 36

9K 492 20
                                    

မနှင်းဆီရဲ့ပြောင်းလဲမှုတွေကို အမရာ သတိထားမိလာသည်
အရင်ကဆို အိပ်ယာထက်ကိုရောက်တယ်ဆိုတာနဲ့ အမရာ့လက်မောင်းလေးက သူမအပိုင်ပင် အမြဲ အမရာ့လက်မောင်းပေးမှ အိပ်တတ်သည်

အခုတော့ ထိုသို့မဟုတ်တော့ အမရာ့အိမ်မှာရှိတဲ့အချိန်
အိပ်ချိန်ရောက်တိုင်း တစ်ခုမဟုတ်တစ်ခုအကြောင်းပြကာ
အမရာ့ကိုအရင်အိပ်စေသည်

"မောင် အိပ်နှင့်နော် တို့ဖုန်းပြောလိုက်ဦးမယ်"

"ညဘက်ကြီးလေ ဘယ်သူနဲ့ပြောမလို့လဲ"

"သူငယ်ချင်းနဲ့မောင်
အိပ်နှင့်နော် အိပ်ပျော်အောင်အိပ်"

"ဟုတ်"

နှင်းဆီအမရာ့ကို ရှောင်ထွက်ချင်လို့ တမင်ပြောလိုက်ခြင်းပါ
အိပ်ယာခွဲအိပ်ရင်အရမ်းသိသာနေတာမို့ တူတူအိပ်ဖို့လက်ခံလိုက်ပေမဲ့
ညီမလေးဆိုတဲ့အသိက နှင်းဆီကိုသတ်နေသလို

အခန်းပြင်ရောက်တော့ နှင်းဆီဝမ်းနည်းမျက်ရည်ကျမိသည်
အချိန်အတော်ကြာအောင် အချိန်ဆွဲပြီးမှအခန်းထဲဝင်သွားလိုက်သည်
အခန်းထဲရောက်တော့ အမရာတံခါးကိုကျောပေးကာ မလှုပ်မယှက်အိပ်​​နေတာမို့ သူမဘေးမှာဝင်အိပ်လိုက်သည်

တကယ်တော့ အမရာ မအိပ်သေးပါ
သူမချစ်သူ ဘယ်သူနဲ့ဖုန်းပြောချင်လဲသိချင်သေးသည်
ဒါပေမဲ့လဲ လျှို့ဝှက်နေတဲ့ချစ်သူကြောင့် မမေးတော့ပါဘူးလို့တွေးပြီး
ငြိမ်နေလိုက်တော့သည်
ထိုသို့သူမတို့နှစ်ယောက်လုံးအိပ်ပျော်သွားကြသည်မှာ အတူရှိတဲ့နေ့ရက်တိုင်းပင်

နှင်းဆီရော အမရာ့သူငယ်ချင်းတွေပါ အမရာအသားကျတဲ့အထိ
အတူနေပေးဖို့ဆုံးဖြတ်ထားကြသည်
နန်းကတော့ ညမအိပ်ပဲနေ့ဘက်တွင်လာနေပေးသည်

နှင်းဆီက နန်းနဲ့နှစ်ယောက်ထဲရှိနေတဲ့အချိန်

"နန်း အချိန်ရရင် တို့တွေနှစ်ယောက်ထဲ စကားပြောရအောင်"

နှင်းဆီ ထိုသို့ပြောလိုက်တော့ နန်းက အံ့သြကာ

"တို့ကအချိန်ရပါတယ်
နှင်းဆီကြိုက်တဲ့အချိန်ပြောလေနော်"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now