Part 23

12.6K 562 11
                                    

"သိပ်သိသာပါတယ်
မောင်က အတောင့်လိုက်လေးတို့ကိုငေးကြည့်နေတာလေ
အို ဒီကလေးမ သိပ်ငမ်းတာပဲလို့တွေးလိုက်မိသေးတာ"

"မနှင်းဆီဆိုတဲ့ အမျိုးသမီးလေးက
မောင့်ရဲ့ Love at first sight လေ"

နှင်းဆီ အမရာ့ကိုမော့ကြည့်ပြန်သည်
ဒီတစ်ခါတော့ မော့ကြည့်ယုံလေးမဟုတ်ပဲ အမရာ့မေးရိုးလေးပေါ်ရောက်လာတဲ့ နှင်းဆီရဲ့အနမ်းလေးပါ ပါလာသည်
ဒီတစ်ခါ တစ်ဒုတ်ဒုတ်နဲ့ မြန်နေတဲ့ရင်ခုန်သံက အမရာတစ်ယောက်ထဲမဟုတ်တော့...

အမရာ မေးရိုးလေးနဲ့မတင်းတိမ်နိုင်ပါ
သူမနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင်ပုခုံးလေးကိုအားပြုပြီး ဆွဲဖက်လိုက်သည်

"မောင် သိပ်ဆိုးပဲနော်..."
နှင်းဆီပြောကာ ရှောင်သည်

"ရှောင်လို့မရပါဘူး
မနှင်းဆီက အိပ်ပျော်နေတဲ့ကျားကို လာလာနှိုးတာကိုး"

အမရာပြောရင်း မနှင်းဆီရဲ့ပါးလေးကိုကိုင်ဆွဲကာ နှုတ်ခမ်းလေးကိုနမ်းသည်

နှုတ်ခမ်း​လေးက အချိုလွန်တဲ့ ပန်းသီးလေးတစ်လုံးလို
နှင်းဆီပန်းနံ့လေးကလဲ ပြောစရာမလိုအောင် ထွက်လာပြန်သည်မနှင်းဆီကို သူမနမ်းနေရသည်ဆိုတာ ပြောစရာမလိုအောင် နှင်းဆီပန်းနံ့က​လေးက သက်သေပြုလို့နေသည်

အမရာ သိလိုက်သည်က နှင်းဆီပန်းနံ့သင်းသင်းကလေးက မနှင်းဆီကိုယ်က ရနေတဲ့ ကိုယ်သင်းနံ့ကလေးပဲ ဆိုတာပါပဲ

oxygen အတွက် ခတ္တခဏ အနားယူသည်
အမရာအနားယူတော့ မနှင်းဆီရဲ့လှိုက်ဖိုနေတဲ့ လေတို့ကိုရှူသွင်းနေသည့်အသံ သူမရဲ့အသက်ရှူနှုန်းကိုသူမအတော်ထိန်းယူနေရသည်ဟန်

"ချစ်လိုက်တာ ...
ဘာလို့ဆွဲဆောင်နေရတာလဲ မနှင်းဆီရယ်
မောင့်စိတ်တွေ မနှင်းဆီဆီကနေနှုတ်မရအောင်ကို ဆွဲဆောင်နေတာပါလား ​ဟောဒီက အမရာမောင်ကိုပဲ ထာဝရဆွဲဆောင်ပါ​နော်
​မောင်ကလေ မနှင်းဆီ အသက်ရှူသွင်းပြီး ပြန်ထုတ်လိုက်တဲ့
ထွက်သက်လေလေးကအစ မောင်ပဲအပိုင်လိုချင်တာ"

အမရာထိုသို့ပြောတော့ သူမ အမရာ့ရင်ဘတ်ကိုတစ်ချက်ထုသည် နာစေချင်တဲ့ဆန္ဒမဟုတ်ပဲ ဖွဖွကလေး ထု​ခြင်းပါ

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now