Part 49

12.1K 539 21
                                    

"မောင် ဘာလို့ထွက်လာတာလဲ
လူနာမကုန်သေးတာကို
သွား သွား အထဲပြန်ဝင်"

နှင်းဆီတွန်းထုတ်နေပေမဲ့မရပါ အမရာ အနားရောက်အောင်လာပြီး ပါးလေးကို ရအောင်နမ်းသည်

"သိပ်မကျန်တော့ဘူး
သုံးလေးယောက်ပဲ ခနလေးထိုင်စောင့်ပေးနော်"

အမရာ ပြန်လှည့်တော့

"မောင် တို့စောင့်နေမှာမို့
လူနာတွေကို အေး​အေးဆေး​ဆေးနဲ့ သေချာကုနော်
မလောရဘူး"

အမရာ လက်လေးနဖူးပေါ်တင်ကာ
"Yes sir"

ထိုအမျိုးသမီးနှစ်ဦးကိုကြည့်နေကြတဲ့ ဆေးခန်းလာပြတဲ့သူတချို့နဲ့ ဆေးရုံကဝန်ထမ်းတွေကတော့ အပြုံးကိုယ်စီနဲ့ပင်
နှစ်ယောက်လုံးက လှသည်
ချစ်ဖို့ကောင်းသလို စိတ်နှလုံးကလဲနူးညံ့ကြသည်လေ
နှင်းဆီကို အားကျတဲ့သူကတချို့တဝက်ပေါ့လေ

ထိုထဲကမှ လူတစ်ယောက်ကတော့ အမရာနဲ့နှင်းဆီတို့ရဲ့အခြေအနေကို အကဲဖြတ်နေခဲ့​လေသည်
ထိုနေ့မှစလို့ အမရာသွားလေရာမှာ လူတစ်ယောက်အနောက်ကနေ တောက်လျှောက်လိုက်နေခဲ့သည် အမရာကတော့သတိမထားမိခဲ့ပေ

~~~~~

"ဘယ်လိုလဲ အခြေအနေ"

"ဆရာရှာခိုင်းသလို အားနည်းချက်ရှာတာ
အဲ့အမျိုးသမီးကတော့ ဒီဒေါက်တာမရဲ့အားနည်းချက်ပဲဆရာ"

ထိုလူက နှင်းဆီရဲ့ပုံကို ထုတ်ပြသည်

"ဒါဆို နှင်းဆီက အမရာမောင်ရဲ့အားနည်းချက်ပေါ့"

"ဟုတ်တယ်ဆရာ
ဘယ်အချိန်ဘယ်သွားတတ်တယ်
ဘာလုပ်တတ်တယ် အကုန်စုံစမ်းကြည့်ပြီးပြီဆရာ"

"ဒါဆိုရင်တော့သိပ်ကောင်းတာပေါ့
အခု နှင်းဆီကိုစုံစမ်း ဘယ်သွားတတ်တယ် ဘာလုပ်တတ်တယ်
အားလုံးသိချင်တယ် ပြီးရင်...
အဲ့အမျိုးသမီးကိုပဲ ထိခိုက်စေမဲ့ နည်းလမ်းကိုရှာလိုက်
အချိန်နဲ့နေရာကိုစဥ်းစားထားလိုက်မယ် ပြန်ပြောပေးမယ်"

နေလင်းနဲ့ သူ့တပည့် ၄ယောက်လောက်က အမရာ့အားနည်းချက်ဖြစ်တဲ့ နှင်းဆီကိုသာ ဒုက္ခပေးဖို့ကြံရွယ်နေကြသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now