Part 46

12K 538 14
                                    

"မောင်နော်... တော်တော်စွဲလန်းချင်နေတာလား
တွေ့မယ် ..."

နှင်းဆီ အမရာ့ကို တွေ့မယ်ဆိုပြီး စိန်ခေါ်တော့
အမရာ ပါးချိုင့်ကလေးခွက်နေအောင်ရယ်သည်

"ခုတွေ့ချင်လိုက်တာနော်"

"တို့အပိုင် ဟောဒီပါးချိုင့်လေးကို
သူများတွေကို မပြစေချင်ဘူးနော်
သူတို့ကို မမြင်စေချင်ဘူး
ဖြစ်နိုင်ရင်လေ သိမ်းထားလိုက်ချင်တာ"

"အဲ့စိတ်က မောင်လဲတူတူပဲ
ကဲပါ အခုမနှင်းဆီ ဆေးရုံလာတာ
မောင် ပါးချိုင့်ပေါ်အောင်ရယ်ပြတာ မြင်မိလို့လား "

"မမြင်မိပါဘူး ဒါတောင် ဖြစ်ပျက်နေကြတာ
အဲ့ပါးချိုင့်များတွေ့လိုက်ရင် နှင်းဆီတို့ရင်ကျိုးနေရမယ် "

"မကျိုးရပါဘူး မောင့်ကိုစိတ်ချ
ရယ်ရင်ပါးချိုင့်မပေါ်အောင်ရယ်တယ်
မောင့်မျက်လုံးထဲ ဒီတစ်ယောက်ကလွဲလို့မရှိ"

"မဖြစ်​သေးပါဘူး...
ခနခန လာကြိုမှပါ ပြီးတော့ဆေးကုရင်အခန်းထဲမှာပဲကု
အပြင်ခနခနမထွက်နဲ့ သူတို့ကမောင်ထွက်လာမှာကို စောင့်နေကြတာ"

နှင်းဆီ နှုတ်ခမ်းလေးတထော်ထော်နဲ့ မှာနေတော့ အမရာအသည်းတွေယားနေရသည်

ဆရာဝန်လောကမှာ မန္တလေးမြို့တွင်သာမက အခြားမြို့ကြီးများမှာပါ နှလုံးအထူးကုဆရာဝန်​ပေါက်စ​လေးဒေါက်တာအမရာမောင်ဆိုတာ အတော်လူသိများလာသည်
ပညာရပ်ပိုင်းမှာ ထူးချွန်လှတဲ့ဆရာတစ်ဆူ ခနစမ်းသပ်လိုက်တာနဲ့ အနာနဲ့ဆေးတွေ့အောင်လုပ်ပေးနိုင်သည်
ပြီးတော့ နှုတ်ခမ်းနီမလေးတွေ လူငယ်လူရွယ်တွေကြားမှာလဲ အတော်ရေပန်းစားလာသည်

အမရာ သတင်းကိုဆက်စပ်ပြီးတော့မှ အရင်ကမိခင်ဖြစ်သူ နှလုံးအထူးကုဆရာမ​ကြီးရဲ့အကြောင်းနဲ့ ကားလောကမှာ နာမည်ကျော်ကြားခဲ့သူဆိုတာကိုလဲ လူသိများလာကြသည်
တချို့က နှင််းဆီနဲ့အကြောင်းကိုသိကြသလို တချို့ကလက်မခံနိုင်ကြပေ

~~ ~~ ~~

"Boss"

နွေရည်မွန် အလုပ်ကိစ္စအတွက် အိမ်ကိုလိုက်လာခြင်းပါ

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now