Part 45

13K 564 14
                                    

အမရာ နှင်းဆီရဲ့ ခါးသွယ်သွယ်လေးကို ကိုင်လိုက်မှ ပိုလို့ပိန်သွားတာ သတိထားမိသည် အရင်နဲ့မတူ​တော့တဲ့ ချစ်သူရဲ့ခန္ဓာကိုယ်သေးသေးလေးကို အမရာပြန်လည်မှတ်သားရဦးမည် ~အချစ်တို့ အနမ်းတို့နဲ့ပေါ့...

အမရာ ရင်ဖုံးအင်္ကျီလေးရဲ့နှိပ်ကြယ်သီးလေးတွေကို ဖြေးဖြေးချင်းခြွေနေရင်း

"ထမင်းရောစားရဲ့လား မောင့်ရဲ့ပန်းလေးရယ်
လူကောင်လေးက သေးသွားလိုက်တာ"

အမရာ့ထက် ချွဲပိုတတ်တဲ့နှင်းဆီက အမရာ့ခါးကိုဖက်တွယ်ပြီး
"မောင့်ကို လွမ်းလို့ စားမဝင်ဘူးလေ"

အမရာ ကြယ်သီးလေးတွေကိုခြွေနှုတ်ပြီးတော့ နှင်းဆီရဲ့နှုတ်ခမ်းလေးကို လက်မကလေးနဲ့ပွတ်ဆွဲသည်

"ချွဲလိုက်တာနော်
အခုချိန်ကစ​ပြီး မောင်ကဂရုစိုက်မှာမို့
အရင်လိုပြည့်ပြည့်လေးဖြစ်အောင်တော့ ပြန်စားပေးဦးနော်
အခုတော့ ..."

ပြောချင်သည်က "မောင်ကအရင်စားဦးမယ်" လို့ပါ
သို့ပေမဲ့ နှင်းဆီရဲ့ နှုတ်ခမ်းတွေက အမရာပြောချိန်မရအောင် အမရာ့နှုတ်ခမ်းကို ကပ်တွယ်လာသည်

ဒီအမျိုးသမီးလေးကိုချစ်လွန်းလို့ ငုံထားလိုက်ချင်သည်
အနာတရဆိုတာမျိုး မရှိစေချင်တော့
ဖျားနာမှုတွေ မရှိစေချင်တော့
ဝမ်းနည်းမှုတွေနာကျင်မှုတွေ အမရာသိမ်းထားချင်သည်

အနမ်းတို့ပေးရင်း နှင်းဆီ အမရာ့တီရှပ်ကလေးကို အပေါ်ဆွဲတင်ကာချွတ်သည် ဆွဲတင်ရင်း ဗိုက်သားတို့ကိုပွတ်တိုက်မိတော့ ချက်ချင်း အနမ်းတို့ကိုစွန့်ခွာဖို့ပုခုံးကိုတွန်းလွှတ်သည်

တွန်းလွှတ်ပြီး ချက်ချင်း အမရာ့တီရှပ်ကိုလည်ပင်းအထက်သို့ဆွဲကာချွတ်ပြီး

"မောင်"

တစ်ခွန်းတည်း ပြောနိုင်ပြီး ဝမ်းဗိုက်က ကြွက်သားတွေကိုစိုက်ကြည့်နေသည်

"မောင် လေ့ကျင့်ခန်းလုပ်ထားတာလေ "

​လေ​ယာဥ်ကွင်းမှာတုန်းကပုခုံးကိုစမ်းမိတော့ လေ့ကျင့်ခန်းလုပ်ထားလို့ တောင့်တင်းနေတာကိုရိုးရိုးတန်းတန်းလို့တွေးလိုက်မိတာ
တကယ်တမ်းတော့ ဗိုက်က six pack အမြှောင်းလိုက်ကို တွေ့နေရသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now